
ချင်းပြည်နယ် ဆမီးမြို့က အမျိုးသမီးတစ်ဦး မုဒိန်းပြုကျင့်ခံရပြီး နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် အသက်သာရှုပြီး သတိမရသေးဘူးလို့ သိရ
နိုဝင်ဘာလ ၂၅ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေ ကြောင့် အသက်သာရှုပြီး သတိမရသေးဘူးလို့ သိရကာ ဒေသခံတွေက သူမကို ဆမီးမြို့အနားမှာ ပြန်တွေ့လို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ဆမီးမြို့ ဒေသခံ အမျိုးသမီးဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၇ နာရီဝန်းကျင်လောက်မှာ ဟင်းထွက်ရှာစဉ် နေအိမ်ကို ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဆမီးမြို့အနားက စောချောင်းဝမှာ သူမကို မြက်ပင်တွေနဲ့ ဖုံးထားတာကို ရှာဖွေသူတွေက တွေ့ရှိခဲ့ကာ ဆမီးဆေးရုံသို့ ပို့ဆောင်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးပြောတာက “၂၂…