Headlines

ရုံးမတက်ပဲ ရုန်းထွက်ခဲ့ကြတဲ့ ချင်းပြည်နယ်က CDM ဝန်ထမ်းများ

မိုင်မိုင်မန်းထာ

၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးချယ်ထားတဲ့အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ကို နိုင်ငံ့ဝန်ထမ်းအများစုက အကြမ်းမဖက်အာဏာဖီဆန်ရေး )Civil Disobedience Movement – CDM ) လုပ် ဆောင်ခဲ့တာ အခု ေဖ ေဖာ်ဝါရီလ ၈ ရက်မှာ (၄) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။


သယံဇာတများများစားစားမရှိ၊ ကြီးမားတဲ့စီးပွား ရေးလုပ်ငန်း တွေမရှိတဲ့ အလုပ်အကိုင်ရှားပါးတဲ့ချင်းပြည်နယ်မှာ ခေတ်အဆက်ဆက်လူအများစုက မက် မောတဲ့အလုပ်အကိုင်ဟာ ရေရှည်တည်မြဲတဲ့ အာမခံချက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်း(အစိုးရဝန်ထမ်း)အလုပ်ပဲဖြစ်ပါတယ်။ ၂၀၂၁ အာဏာမသိမ်းခင်အထိ ချင်းပြည်နယ်မှာ အစိုးရဝန်ထမ်းအလုပ် တ နေရာရဖို့အတွက်ကို ဌာနဆိုင်ရာလူကြီး တွေကို အလုပ် လျှောက်သူ တွေက လာဘ် ငွေ ပေးမှုအများအပြားရှိခဲ့တဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။

ရုံးမတက်နဲ့ ရုန်းထွက် ဆိုတဲ့ ကြွေးကျော်သံနဲ့အတူ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို အစိုးရဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု Civil Disobedience Movement (CDM)ဟာ အာဏာသိမ်းစစ်ကောင်စီ မ ေ မျှာ်လင့်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။CDM ၀န်ထမ်း ေတွဟာ ရုံးမတက်ပဲ ပြည်သူလူထုနဲ့အတူ လမ်း ေပါ်မှာ ရုန်းထွက်လာခဲ့ပါတယ်။

ချင်းပြည်နယ်က အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအများစုဟာ CDM လှုပ်ရှားမှုမှာ အင်နဲ့အားနဲ့ ပါဝင်ခဲ့တဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ ပြည်နယ်အလိုက် CDM ပြုလုပ်မှု လူဦးရေ စာရင်းထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၅၅၃၂ ၊ ကယားပြည်နယ်မှာ ၇၀၀၀၊ ကရင်ပြည်နယ်မှာ ၁၀၀၀၀ ၊ မွန်ပြည်နယ်မှာ ၇၀၀၀ ၊ ရှမ်းပြည်နယ်မှာ ၈၅၁၁ ဦးဖြစ်ပြီး ချင်းပြည်နယ်မှာ ၁၄၅၉၁ ဦး ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့တိုင်း ဒေသကြီးများထဲမှာ ချင်းပြည်နယ်ဟာ ဒုတိယ မြောက်လူဦးရေအနည်းပါးဆုံးပြည်နယ်အဆင်းရဲဆုံးပြည်နယ်ဖြစ် သော်လည်း CDM ပြုလုပ်မှု အများဆုံး ပြည်နယ် တစ်ခုဖြစ်ခဲ့ပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ၇၀၀ ကျော်၊ ထန်တလန်မြို့နယ်မှာ ၁၄၀၀ ကျော်၊ ဟားခါးမြို့နယ်မှာ ၂၉၅၄ ဦး၊ မင်းတပ်မြို့နယ်မှာ ၂၇၀၀ ကျော်၊ ပလက်ဝမြို့နယ်မှာ ၁၄၆ ဦး ၊တီးတိန်မြို့နယ်မှာ ၁၂၂၅ ဦး၊တွန်းဇံမြို့နယ်မှာ ၇၇၄ ဦး၊ ဖလမ်းမြို့နယ် ၁၉၈၀ ဦး၊ မတူပီမြို့နယ် ၁၆၃၀ ဦးရှိပြီး စုစုပေါင်း ၁၄၅၉၁ ဦး က CDM ပြုလုပ်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ အစိုးရဝန်ထမ်း စုစုပေါင်း ၂၀၀၀၀ ကျော်ရှိသည့်အနက် ၁၄၀၀၀ ကျော်က CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့တွက် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းကျော် အထိရှိခဲ့ပါတယ်။


CDM လှုပ်ရှားမှုတွင် ပါဝင်ပြီးနောက် အချိန်ကာလအနည်းငယ်အကြာမှာ လုပ်ငန်းပြန်ဝင်တဲ့ ဝန်ထမ်းများလည်းရှိလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မတ်လအထိ ချင်းပြည်နယ်ကလွဲလို့တခြားပြည်နယ်/တိုင်းဒေသကြီး တွေမှာ လုပ်ငန်းခွင်ပြန်ဝင်တဲ့ ရာခိုင်နှုန်းဟာ ၆၀ ရာခိုင်နှုန်းအထိရှိတယ်လို့ CDM စာရင်းပြုစုသူ ကျောင်းအုပ်ဆရာမကြီးတစ်ဦးကဆိုပါတယ်။


အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု Civil Disobedience Movement (CDM) ပါဝင်ရာကနေ စစ်အာဏာသိမ်း ၁ နှစ်အကြာ /၂ နှစ်အကြာမှာ တခြားပြည်နယ်/တိုင်းဒေသကြီး တွေမှာ လုပ်ငန်းခွင် ပြန်ဝင်ရောက်တဲ့ Non CDM များလာပေမယ့် ချင်းပြည်နယ်မှာ တော့ လုပ်ငန်းခွင်ပြန်ဝင် ရောက်တဲ့ CDM ဝန်ထမ်း က နေ Non CDM ဝန်ထမ်း ပြန်ဖြစ်တာမျိုးမရှိသလောက်နီးနီးဖြစ်ကာ CDM လှုပ်ရှားမှုမှာ ချင်းပြည်နယ်က CDM ဝန်ထမ်း တွေဟာ အဆုံးထိ တောင့်ခံပါဝင်ခဲ့ကြပါတယ်။


စစ်ကောင်စီအုပ်ချုပ်မှု လက်အောက်က အစိုးရလုပ်ငန်း ယန္တရားတွေ လည်ပတ်နိုင် အောင် စစ် ကောင်စီရဲ့အလုပ်ပြန်ဝင်ဖို့ဖိတ် ခေါ်မှုကိုလျစ်လျူရူပြီး ချင်းပြည်က CDM ဝန်ထမ်း တွေက Non CDM မလုပ်ပဲ တောင့်ခံခဲ့ကြပါတယ်။

အာဏာသိမ်း ၄ နှစ်တာကာလအတွင်းမှာ ချင်းပြည်နယ်က CDM ဝန်ထမ်းတချို့ဟာ ဒေသကာကွယ်ရေး တပ်ဖွဲ့ ထဲဝင် ရောက်ပူးပေါင်းပြီး အာဏာသိမ်းစစ် ကောင်စီကို လက်နက်ကိုင်ပြီး တွန်းလှန် တိုက်ခိုက်နေကြပါတယ်။ အာဏာသိမ်း ၄ နှစ်တာ ကာလအတွင်းမှာချင်းပြည်နယ်က CDM ဝန်ထမ်းအများစုဟာ မြန်မာပြည်တွင်းနဲ့မီဇိုရမ်ပြည်နယ်မှာ အလုပ်လက်မဲ့ဘဝနဲ့ အလုပ်မရှိတဲ့အချိန် တွေများစွာ ကျော်ဖြတ်ခဲ့ရသလို ကြုံရာကျပန်းရရာအလုပ်လုပ်ကိုင်ရင်းခက်ခဲစွာအသက် မွေးခဲ့ကြရပါတယ်။


ချင်းပြည်နယ်က CDM ၀န်ထမ်းများထဲမှာ CDM ဝန်ထမ်း တွေကို စစ် ကောင်စီက Black list လုပ်ကာ နိုင်ငံကူးလက်မှတ်လုပ် ဆောင်ခွင့်ပိတ်ပင်ခြင်း၊ လေဆိပ်မှာ ဖမ်းဆီးတာ တွေ ကြောင့် အဖမ်းခံခဲ့ရသူ တွေရှိသလို အောက်လမ်းက နေ နယ်စပ်က နေ နိုင်ငံခြားကို တရားမဝင်ထွက်သွားသူတွေလည်းအများအပြားရှိခဲ့ပါတယ်။

အလုပ်အကိုင်ရှားပါးကာ မြန်မာနိုင်ငံရဲ့အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ ၂၀၂၁ အာဏာမသိမ်းခင်ကာလက အစိုးရဝန်ထမ်းအလုပ်ဟာ ရေရှည်အာမခံချက် ပေးတဲ့အလုပ်ဖြစ်တာ ကြောင့် မက် မောစရာ အ ကောင်းဆုံးအလုပ်ဖြစ်ခဲ့ ပေမယ့် ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုပြီး နောက်မှာတော့ ရွံစရာအလုပ်လိုဖြစ်လာခဲ့ပါတယ်။

အချို့CDM ဝန်ထမ်းတွေကလည်း ၎င်းတို့နေထိုင်ရာ မြို့ရွာ အခြေအနေ မိမိအသက်လုံခြုံရေး အရ အိန္ဒိယနိုင်ငံဖက်ကို စစ်ဘေးရှောင်နေကြတာတွေလည်း များစွာရှိကြပါတယ်။

တချို့ CDM ဝန်ထမ်းတွေဟာ လုံခြုံရေးအရ ချင်းပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်ကြတာတွေ ရှိသလို တိုက်ပွဲတွေကြောင့် တောတောင်တွေကြား ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ် ဘေးရှောင် CDM ဝန်ထမ်းတွေလည်း ရှိပါတယ်။


အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားခဲ့တဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီဖက်က အလုပ်ဖြုတ်တာတွေ ဖမ်းဆီးတာတွေ ခြိမ်းခြောက်တာတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။


လူငယ်ပိုင်းဝန်ထမ်းတချို့ဟာ CDM လုပ်ပြီး ပြင်ပ ကုမ္ပဏီ၊ အခြားစတဲ့ လုပ်ငန်း ခွင်တွေမှာ ရရာအလုပ်အကိုင်ရှာသော်လည်း လုပ်ငန်းပိုင်ရှင်များက CDM ဝန်ထမ်းများကြောင့် လုပ်ငန်းတွင် အန္တရယ်ကျ မည်ကို စိုးရိမ်တာမျိုး စတာတွေကြောင့် အလုပ်အကိုင် ပေးခြင်းမျိုး မလုပ်ရဲတာမျိုးတွေကို CDM ဝန်ထမ်းအချို့က ကြုံတွေ့ခဲ့ရပါတယ်။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ဝန်ထမ်းတွေကို ပြည်တွင်းပြည်ပကအလှူရှင်ပြည်သူ တွေနဲ့ အမျိုးသားညီညွှတ် ရေးအစိုးရ( NUG) က အစောပိုင်းမှာ အနည်းငယ်ထောက်ပံ့ပေးတာတွေရှိခဲ့ပေမယ့် ကာလကြာရှည်တာနဲ့ အမျှ ထောက်ပံ့ပေးတာတွေမရှိ တော့ပါဘူး ၊အခုဆိုရင် အာဏာသိမ်းတာ ၄ နှစ်ကြာလာတဲ့အချိန် CDM လှုပ်ရှားမှု ၄ နှစ်တာကြာလာတဲ့အချိန် CDM ဝန်ထမ်း တွေကို ထောက်ပံ့ဖို့ဆိုတာ ဘယ်သူမှစိတ်မဝင်စား တော့တဲ့အ ခြေအနေဖြစ်သွားပါပြီ။ CDM ဆိုတာ ရုံးမတက်နဲ့ရုန်းထွက်ဆိုတာ ၊ ပြည်သူတွေက ကျွေးထားမှာဆိုတဲ့ ကြွေးကြော်သံ တွေကို ပြည်သူအများဟာ သူတို့ရဲ ဘဝအ မော တွေအကြားမှာ မေ့သွားပါပြီ။ CDM လုပ်ဖို့လှုံ ဆော်ခဲ့တဲ့ နိုင်ငံ ရေးသမား တွေ၊ ထင်ရှားကျော်ကြားသူတွေ ကော CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဝန်ထမ်း တွေကို မေ့သွားပြီလား၊ အခုအချိန်မှာ CDM အ ကြောင်း ဆွေး နွေးပွဲလုပ်မယ်ဆိုရင်ပါချင်ကြပါ့မလား?

အာဏာသိမ်းပြီး နောက် စစ် ကောင်စီခန့် ချင်းပြည်နယ်အစိုးရဟာ ချင်းပြည်နယ်မှာ ရှိတဲ့ ၉ မြို့နယ်မှာ မြို့ ပေါ် တွေမှာ ဌာန ပေါင်းစုံမလည်ပတ်နိုင်ပဲ အဓိက မြို့နယ်အ ထွေ ထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး(ထွေအုပ်)ဖွင့်နိုင်ရုံသာ မနည်းလည်ပတ်ခဲ့ရာမှချင်းပြည်နယ်မှာ ၁ နှစ်ပြီး ၁ နှစ် စစ် ကောင်စီထိန်းချုပ်နိုင်တဲ့ မြို့ အ ရေ အတွက် ပိုမို လျော့ပါးလာခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလမှာ မင်းတပ်နဲ့ကန်ပက်လက်မြို့ ၂ မြို့ကိုထပ်လက်လွှတ်ခဲ့ရကာ အခုဆိုရင် ဟားခါးနဲ့တီးတိန်မြို့မှာသာ စစ်တပ်၊ရဲ၊ဌာနဆိုင်ရာရုံးလုပ်ငန်းအနည်းငယ်နဲ့ စစ် ကောင်စီက ထိန်းချုပ်ထားနိုင်ပါ တော့တယ်။



 နောင် ချင်း တော်လှန် ရေး အောင်မြင်တဲ့အချိန် မှာ ၂၀၂၁ မြန်မာစစ်တပ်အာဏာသိမ်းတုန်းက ချင်းပြည်နယ်က ၁ သောင်းခွဲခန့်ရှိတဲ့ ဝန်ထမ်း တွေက ချင်းပြည်နယ်မှာ တခုတည်းရှိတဲ့ မက်စရာ၀န်ထမ်းအလုပ်ကို အလုပ်ပြုတ်ခံ၊ဘဝပျက်ခံပြီး CDM လုပ်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးမလည်ပတ်နိုင်အောင်စလုပ်ခဲ့တာသမိုင်းအဖြစ်ကျန် နေမှာဖြစ်ပါတယ်။


ချင်းပြည်နယ်မှာ စစ် ကောင်စီကို ချင်းလက်နက်ကိုင် တော်လှန် ရေးအင်အားစု တွေ မ တော်လှန်ခင်မှာချင်းပြည်နယ်က ပြည်သူ့ဝန်ထမ်း တွေက အရင်ဆုံး တော်လှန်ခဲ့တာပါ။


ချင်းပြည်နယ်မှာ လက်ရှိမှာ ဟားခါး၊တီးတိန် ၂ မြို့မှာသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့နယ်အားလုံးကို ချင်းလက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *