ဒီဇင်ဘာလ ၉ ရက်။
ဖလမ်းမြို့တွင်း တိုက်ပွဲကြောင့် ကလေး-ဟားခါး ယာဉ်လိုင်းများ တစ်လ နီးပါး ရပ်နားခဲ့ရာမှ ဒီဇင်ဘာလ ကနေ စပြီး ရိဒ်ခေါဒါရ် ဘက်ကို ပတ်ပြီး ကလေး-ဟားခါး ကားခ ၃ သိန်းဖြင့် ခရီးသည်တင် ကားများ ပြန်လည် ပြေးဆွဲ နေပြီ လို့ ကလေးမြို့ ဒေသခံများ ထံမှ သိရှိခဲ့ရပါတယ်။
“သိရှိသလောက် ကတော့ ရွှေလွင်ပြင် ယဉ်လိုင်း တစ်ခုသာ ပြေးဆွဲ နေပါတယ်။ ကားခ ၃ သိန်းပေးရပါတယ်။ လမ်းမှာ တစ်ည အိပ်ရပါတယ်” လို့ ခရီးသွား ပြည်သူတစ်ဦး ထံမှ သိရှိခဲ့ပါတယ်။
တိုက်ပွဲ ဖြစ်ပွား နေတဲ့ ဖလမ်းမြို့ကို မည်သည့် ယာဉ်မှ ဖြတ်သန်း သွားလာခွင့် မပြုသည့် အတွက် ကလေး-တီးတိန်-ရိဒ်- ဖလမ်းရိဒ် လမ်းခွဲ- ဟားခါး လမ်းကြောင်းဖြင့် ဖလမ်းမြို့တွင်းကို ကွင်းပြီး သွားခဲ့ရတယ် လို့လည်း ထပ်မံ သိရှိရ ပါတယ်။
“ဖလမ်း မြို့ပတ်လမ်းကို နိုဝင်ဘာလ ကုန်ပိုင်း က ခဏ ဖွင့်ပေးခဲ့တယ် ဆိုပေမယ့် စကစ စစ်သားတွေက ပြန် ပိတ်လိုက်တယ်။ ဖလမ်းမြို့ထဲကို ပြန်ပြီးပေးမဝင် အခုထိ ပေးမဝင်သေးဘူး” လို့လည်း ယင်းမှ ဆက်လက် ပြောကြားခဲ့ ပါတယ်။
နိုဝင်ဘာလ အစပိုင်း ကတည်းက ဖလမ်းမှာ ပိတ်မိတဲ့ ကုန်စည်များ ဟာလည်း မဟာမြိုင်လမ်း ဘက် ပြန်ပတ်ပြီး ဒီဇင်ဘာလ ၁ရက်နေ့မှာ ကလေးမြို့ကို ရောက်လာခဲ့တယ် လို့ ရွှေလွင်ပြင် ယာဉ်လိုင်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်ခဲ့တဲ့ ဖလမ်းမြို့တွင်း တိုက်ပွဲ တွေ ကြောင့် မြို့နေ လူထု အားလုံး စစ်ရှောင် ထွက်ပြေး ခဲ့ရပြီး ဖလမ်းမြို့ကို ဖြတ်သန်းရတဲ့ က လေး-ဖလမ်း-ဟားခါး လမ်းပိုင်း အားလုံးလည်း လက်ရှိ အချိန်ထိ ဖြတ်သန်းမရပဲ ပြတ်တောက် နေပါတယ်။