Headlines

မင်းတပ်၊ ကန်ပက်လက်မြို့သိမ်းအောင်ပွဲ ဆင်နွှဲခဲ့တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ပေါင်းစုကို ဂုဏ်ပြုကြောင်း ချင်းပြည် (Chinland) ကောင်စီထုတ်ပြန်

ဒီဇင်ဘာလ ၂၄ ရက်။

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲနဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲတို့ကို အောင်ပွဲဆင်နွှဲခဲ့တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ တိုက်ပွဲဝင်သူရဲကောင်းတွေရဲ့ အသက်သွေးချွေး စတေးပေးဆပ် အောင်ပွဲဆင်နွှဲနိုင်တဲ့ပေါ် လေးမြတ်စွာ ဂုဏ်ပြုတယ်လို့ ချင်းပြည် (Chinland)ကောင်စီ က ဒီကနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည် (Chinland)ကောင်စီအနေနဲ့ ချင်းပြည်တဝှမ်း တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေကြတဲ့ သူရဲကောင်းစစ်သည်တွေ အသက်သွေးပေးဆပ်ခဲ့သူတွေကို ဦးညွှတ်အလေးပြုအပ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ်ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလဘာလ ၉ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို ကန်ပက်လက်မြို့ကိုလည်း ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ချင်းလက်နက်ကိုင် ၆ ဖွဲ့ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့ဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်က ကျင်ဒွေး၊ မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားနို်င်ခဲ့ပြီး ဖလမ်းမြို့ကိုတော့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *