Headlines

မင်းတပ်မြို့က ထွက်ပြေးတဲ့စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် သင်းအုပ်ဆရာတစ်ပါး သေဆုံး

ဒီဇင်ဘာလ ၂၆ ရက်။

ဒီဇင်ဘာလ ၂၄ ရက်က မင်းတပ််မြို့ပေါ်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF-Mindat နဲ့ဒေသခံတွေက လိုက်လံဖမ်းဆီးတဲ့အချိန် မင်းတပ်မြို့နယ် ၊တိုက်နယ် ၄ ၊အေးစခန်းကျေးရွာက ခရစ်ယာန်သင်းအုပ်ဆရာတော် ပါစတာဦးရွှီမာန် ဟာ စစ်ကောင်စီတပ်က ပစ်တာခံလိုက်ရလို့ သေဆုံးသွားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက “ဒေသခံတွေကရော တူမီးတွေနဲ့ ကျနော်တို့နဲ့ အကုန်လုံးဝိုင်းလိုက်ပြီးတော့ ဝိုင်းတိုက်တာ ကျသွားတဲ့ ပါစတာက လိုက်ဖမ်းရင်းနဲ့ သူကနေပြီး အရင်တွေ့တာထင်တယ် ဟိုကရှောင်ပြီးပုန်းနေတာကို သူကနေတွေ့တော့ အဲဒီမှာဆိုပြီးမှအော်တော့ သူ့ကိုအရင်ပစ်တာ အဲဒီမှာတိုက်ပွဲစပြီးဖြစ်တယ် ထွက်ပြေးတဲ့ စစ်ကောင်စီ အင်အား၂၀၀ ကျော်ထဲကနေ အကုန်လုံးနီးနီးပြန်မိပါတယ် အဲဒီတိုက်ပွဲမှာစစ်သား အကုန်နီးပါးပြန်မိပါတယ် အသေမိတာရှိသလို အရှင်မိတာတွေလည်းရှိတယ် တစ်ယောက်ဘဲလွတ်သွားတယ်” လို့ပြောပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ်ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာထွက်ပြေးခဲ့ပြီး ထွက်ပြေးတဲ့ အထဲကနေ အားလုံးနီးပါးကို ပြန်မိခဲ့သလို လက်ရှိထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါးခန့်လောက်သာ ရှိတော့မယ်လို့ ရှေ့တန်းရောက်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉) ရက်နေ့ကစလို့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Yaw Defense Force (YDF) ၊ Yaw Army (YA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တော်၊ မုံရွာခရိုင်တပ်ရင်း (၃) တို့က ဟန်ချက်ညီညီဆင်နွှဲခဲ့ကြပြီး အာရက္ခတပ်တော် (AA) ကလည်း စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူတွေအပြင် စစ်ရေးဆိုင်ရာအကြံဥာဏ်တွေ နဲ့လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးကူညီခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ မင်းတပ်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ကြောင်းကိုလည်း ချင်းညီနောင်အဖွဲ့က ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *