Headlines

နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ တီးတိန် – ရိဒ်ကြားကလမ်းတွေကို ပြုပြင်ဆောင်ရွက်နေကြောင်းထုတ်ပြန်

ဒီဇင်ဘာလ ၁၉ ရက်။

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးကာလမ်းဖြစ်တဲ့ တီးတိန် – ရိဒ်ကြားက ပြည်ထောင်စုလမ်းမကြီးကို ချင်းပြည်(Chinland) အစိုးရနဲ့ ဒေသန္တရအစိုးရတို့က ပူးပေါင်းပြီး ပြုပြင်ဆောင်ရွက်လျက်ရှိတယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည်(Chinland)အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

တီးတိန် – ရိဒ် ကုန်သွယ်ရေးကားလမ်းက နယ်စပ်ကုန်စည်စီးဆင်းရေး ဝန်ဆောင်မှုအတွက် အဓိက အားထားရတဲ့ ကုန်သွယ်ရေးလမ်းမကြီးဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးလည်း ဖြစ်တယ်လို့ ချင်းပြည်(Chinland)အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာ – အိန္ဒိယနယ်စပ်က ရိဒ်ခေါဒါရ်မြို့က စစ်ကောင်စီရဲ့ ရိဒ်ခေါဒါရ်တပ်စခန်းနဲ့ တီးအိုချောင်းစစ်စခန်းတွေကို ပြီးခဲ့တဲ့နှစ် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရိခေါဒါရ်မြို့ဟာ မြန်မာ – အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မှာတည်ရှိပြီး အိန္ဒိယ – မြန်မာ အမှတ်(၂) ကုန်သွယ်ရေးလမ်းလည်းတည်ရှိသလို ကုန်သွယ်ရေးနဲ့ စီးပွားရေးအတွက် အချက်ချာကျတဲ့မြို့လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *