Headlines

တိုက်ပွဲဖြစ်နေတဲ့ ဖလမ်းမြို့တွင်းကို စစ်ဆင်ရေးတိုက်ပွဲဝင်နေသူကလွဲရင် မည်သူ့ကိုမှ ဝင်ထွက်သွားလာခွင့်မပြုဘူးလို့ (CNDF) အသိပေး

ဒီဇင်ဘာလ ၁၃ ရက်။

ချင်းပြည်နယ် ဖလမ်းမြို့တွင်းတိုက်ပွဲ ဆင်နွဲလျက်ရှိတာကြောင့် ဖလမ်းမြို့အတွင်း စစ်ဆင်ရေးတိုက်ပွဲဝင်နေသူကလွဲရင် မည်သူ့ကိုမှ ဝင်ထွက် သွားလာခွင့် မပြုကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့အတွင်း ချင်းညီနောင်စစ်ဆင်ရေး တိုက်ပွဲ ဆင်နွဲနေတာကြောင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အနေနဲ့ လုံခြုံရေးနဲ့ စစ်ရေးအခြေအနေအရ ဖလမ်းမြို့တွင်းကို မည်သူ့ကိုမှ ဝင်ထွက်သွားလာခွင့် မပြုကြောင်း၊ အရေးပေါ်ကိစ္စရှိပါက သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူထံ အကြောင်းကြားဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်အဖွဲ့က ဖော်ဆောင်လျက်ရှိတဲ့ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) ကို ဖလမ်းမြို့နဲ့ မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို နိုဝင်ဘာလ ၉ ရက်နေ့ကနေ စလို့ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ချင်းညီနောင်ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ၁ လနီးပါးရှိလာတဲ့ ဖလမ်းမြို့နဲ့ မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ခြင်းမျိုးတော့ မရှိသေးပေမယ့် စစ်ကောင်စီစခန်း တော်တော်များများကိုတော့ သိမ်းပိုက်ထားနိုင်ပြီလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *