Headlines

စစ်ကောင်စီဘက်က စစ်ကူပို့လို့မရအောင် ဟားခါး-ထန်တလန်ကြားက သီမြစ်ချောင်းကူးတံတားကို ဖျက်ဆီး

ဒီဇင်ဘာလ ၆ ရက်။

စစ်ကောင်စီဘက်က စစ်ကူပို့လို့မရအောင် ချင်းပြည်နယ် ဟားခါးမြို့ နဲ့ ထန်တလန်မြို့အကြားရှိ သီမြစ်ချောင်းကူး တံတားကို Chinland Council ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖျက်ဆီးလိုက်တယ်လို့ ဟားခါးမြို့ ဒေသခံ တွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို စစ်ကူပို့တဲ့နေရာမှာ လမ်းမှာ သီမြစ်ချောင်းကူးတံတားကို အသုံးပြုနေတာဖြစ်ပြီး စစ်ရေးအရ အလွန်အရေးကြီးတဲ့ တံတားဖြစ်တယ်လို့လည်း စစ်ရေးအခြေအနေသိတဲ့သူတွေ ပြောဆိုချက်အရ သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၂ ရက်ကစပြီးဟားခါး-ထန်တလန်ကြားက စစ်ကောင်စီ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ပြီးခဲ့တဲ့အပတ်အတွင်းမှာလည်း စခန်းပေါင်း ၆ ခု ကိုသိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာလည်း ဟားခါး-ထန်တလန်ကြားမှာ စစ်ကောင်စီရဲ့ အော်တိုတောင် စစ်တပ်စခန်း တစ်ခု သာကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဘက်က သူတို့ဆုံးရှုံးထားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်လာမှာမို့လို့ အခုလိုစစ်ရေးအခြေအနေကြောင့် တံတားကို ဖျက်ဆီးတာဖြစ်တယ်လို့လည်း သိရပါတယ်။

သီမြစ်ချောင်းကူးတံတားကို၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က မိုင်းခွဲခဲ့ပြီး စစ်ကောင်စီက ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်မှာအပြီးအစီးပြန်လည်ပြုပြင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *