Headlines

ချင်းလူထုအသိုင်းအဝိုင်းကြား စာပေဟောပြောပွဲ ပြုလုပ်သင့်ပြီ

ဒေါက်တာဆလိုင်းခင်မောင်သိန်း(ပညာရေး)

လူမျိုးအသီးသီး၊ ဘာသာစကား အသီးသီးတို့တွင် အများအားဖြင့် စာနှင့်စာပေရှိကြ၏။ စာနှင့်စာပေ မရှိသော လူမျိုးငယ်များမှာ ယခုအခါ ကမ္ဘာပေါ်၌ ပြောပလောက်အောင် မရှိတော့ချေ။ စာရေးဆရာများက စာပေဟောပြောပွဲ လုပ်ကြတယ်ဆိုတာ ကျနော်တို့ပြည်သူတွေ အသိပညာရဖို့အတွက်တတ်နိုင်သမျှ မှတ်မိခဲ့ရာ အခြေအနေလေးတွေကို လာရောက်ပြီး ရှင်းပြတဲ့သဘောပါပဲ၊ အဲဒီမှာ အမျိုး ဘာသာ သာသနာ ထိခိုက်မယ့်ကိစ္စ လူမျိုးရေးကိစ္စတွေ မပါပါဘူး၊ စာပေဟောပြောပွဲမှာ ဗဟုသုတတွေ ပါဝင်တတ်သလို့ အသိညဏ်တွေ၊ စိတ်ခွန်အားတွေ ပေးစွမ်း နိုင်တဲ့အတွက် ဗီတာမင် အားဆေးတစ်ခွက်လို့ပဲတင်စားချင်ပါတယ်။ လူမှှုကိစ္စအ၀၀ ပြဿနာအ၀၀ကိုလည်း ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ကောင်းမွန်တဲ့ အကြံညဏ်တွေပေးနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ ပျင်းရိနေတဲ့ အခါမှာ အတူတူရှိပေးနိုင်မယ့် အဖော်မွန်ကောင်းတစ်ယောက်ပါ။ ဝမ်းနည်းနေတဲ့ အချိန်မှာ စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ စွမ်းအားရှင်တစ်ယောက်ပါ။ လဲကျနေချိန်မှာ ဆွဲထူပေးနိုင်တဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။ အောင်မြင်မှုပန်းတိုင်ဆီကို လမ်းပြပေးနိုင်တဲ့ supporterကောင်းတစ်ယောက်ပါ။

စာပေဟောပြောပွဲဟာ စာဖတ်ကျင့် မရှိသေးတဲ့ သူတွေအဖို့ တစ်ဆင့်ချင်းဆီလေ့ကျင့်ယူသင့်တယ်လို့ အကြံပြုချင်ပါတယ်။ မိမိသိလိုသမျှ ဘဝတစ်လျှောက်လုံးအတွက်အဆိုး၊ အကောင်းဝေဖန်ပိုင်းခြားနိုင်သော ဦးနှောက်အသိကို ရရှိစေသည်။ နှလုံးသားအတွက် အကြင်နာမေတ္တာတို့ကို ပေးစွမ်းသည်။ စာရေးသူက ဘဝပေးအတွေ့အကြုံ၊ ဘဝပေးအသိတို့ကို ဖြန့်ဝေပေးသောကြောင့် အချိန်တိုအတွင်း သုတ၊ ရသနှစ်ဖြာသော အသိပညာကို ရရှိစေပါသည်။ ရှေးဟောင်းစာပေ၊ ခေတ်အဆက်ဆက်မှတ်တမ်းတင်ထားသော ဂ္ထဝင်စာပေ၊ ခေတ်ပေါ်စာပေ၊ စကားပြေ၊ စကားပြောအမျိုးမျိုး စသဖြင့်ပါသည်။

ချင်းပြည်သူ များ ထံ စာပေဟောပြောပွဲ ပြုလုပ်သင့်

ပြည်တွင်း/ပြည်ပ ရှိ ချင်း လူထု တွေမှာ စာပေ ဟောပြော ပွဲ မရှိ သ လောက် ပါပဲ။ မိဘ ပြည်သူ / ဘာသာ‌ရေးဆရာ/ ‌အရပ်ဘက် အဖွဲ့အစည်း အားလုံးမှာ တာဝန် ရှိ ကြပြီး ပြည်သူ တွေထံ ပညာရေး/လူမူရေး အကြောင်းအများကြီး ဟောပြော ဘို့ လိုပါသေးသည်။

.ပြုပြင်ပြောင်းလဲ နေတယ့် ခေတ်သစ် စနစ် ကို ဘာဆို ဘာမှ နားမလည် ကြသေးပါ။ ချင်းပြည်သူတွေ ဟာ များသော အား ဖြင့် ဘာသာရေး အကြောင်း ကို တပတ်မှာ အနည်းဆုံး သုံးလေး ကြိမ် Church မှာ လူစုဝေးဘုရားဝတ်ပြု ကျင်းပကြပြီးတခါတလေ ဧဝံဂေလိ တရား Crusade တွေ /Gospel Team /သင်းလုံးကျွတ် အစည်းအဝေး Civui/Bible Conference တွေကို Area/Association/Convention/ ထိ လူထု တွေ့ဆုံပွဲ များစွာ နဲ့ Church တွေမှာ Special Sunday ပေါင်းနဲ့ ဘုရားပွဲ များစွာ ရှိ သည် ။

ချင်း ပြည်သူ ဟာ မြန်မာနိုင်ငံမှာ ဘာသာရေး ဝတ်ပြုအစည်းအဝေး ကျင်းပတယ့် နေ့ ရက်အများဆုံးနေရာဖြစ်မယ်ဆိုရင် မမှားလောက်ပါဘူး။ ချစ်ခြင်း /ယုံကြည်ခြင်း /တလုံးတဝတည်း ဖြစ်ရေး/ကယ်တင်ခြင်း အကြောင်း ဘုရားဟောပြော သွင်သင်တာ‌‌ ‌ကလေးက အစ လူကြီးထိ အကုန် သိနားလည်ကြပါပြီ. လက်တွေ့ လုပ်ဆောင်ဖို့သာ လိုအပ်နေသည် ။

နိင်ငံရပ်ခြား နေ ထိုင်သော တချို့ တိုင်းရင်းသား ညီအကို တွေ ဟာ စာရေးဆရာ များကို ဖိတ်ခေါ် ပြီး နိုင်ငံခြားမှာ စာပေဟောပြောပွဲ များကို ကျင်းပ ပြုလုပ် ကြပါသည်။ ပြည်မမှာတော့ မြို့- ကျေးရွှာ အထိစာပေဟောပြောပွဲ ပြုလုပ်လေ့ ရှိကြတယ်။ နိုင်ငံရေး /လူမူ့ရေးက အစခေါင်းစဥ် ပေါင်းများစွာချ ပေးပြီ ‌ လူတွေ အမြင်ကျယ်အောင် လူထု ထံ အသိညဏ် လမ်းပြချပေးနေ တာ တွေ့ ရပါ သည် ။

ပြည်တွင်း/ပြည်ပ ချင်း ပြည်သူတွေ မှ အစ တောင်တန်းဒေသ တွေမှာလည်း စာပေ ‌‌‌ဟောပြောပွဲ Literature Talk ကို မြို့မှ ကျေး ‌ရွာထိ များ စွာ လုပ်သင့်နေပြီ…ဘာသာရေးကို ဦးစားပေးသလို လူမူ့ရေး ပညာရေး ကို ချန်ထားခဲ့ လို့ မရပါ ။ ပြုပြင်ပြောင်းလဲ နေတယ့် ခေတ်သစ် ပညာရေး စနစ် ဆိုရင် ဘာဆို ဘာမှ နားမလည် ကြသေးပါ။ ရွာအ များစု မှာ စာဖတ်ဖို့ စာကြည်တိုက် မရှိ/စာအုပ် မရှိ/စာမဖတ်ကြပါ..စာမဖတ်ရင် လူတွေဘာဖြစ်လာမှာလည်း..ဒါကြောင့် စာမဖတ်ချင်-စာဖတ်မအားတယ့် ရွာ လူတွေထံ စာပေ ဟောပြောပွဲ လုပ် ဖို့ လိုအပ်သည် ။

စာရေးဆရာသည် သူသိသော အကြောင်းအရာ၊ သူသိသော ပညာဗဟု သုတတို့ကို သူသိသော အကြောင်းအရာ သစ်တောအကြောင်း၊ စိန်၊ ရွှေရတနာအကြောင်း၊ ရေမြေတောတောင်ရာ သီဥတုအကြောင်း ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပန်းချီ၊ ဂီတ၊ ဆေးပညာ စသည့်အကြောင်းအရာများ သူသိသည့်အတိုင်း တင်ပြသည်။ ထိုအခါ အသိပညာကိုလည်းကောင်း၊ ဗဟုသုတ အမျိုးမျိုးကိုလည်းကောင်း ရရှိသည်။ မိမိသိလိုသမျှ သိနိုင်ဖို့ တတ်ကျွမ်းနားလည်သူ လူတကာကို ပေါင်းသင်းနိုင်မည်မဟုတ်။ ဆောင်းပါး၊ စာတမ်း၊ အတ္ထုပ္ပတ္တိ၊ ကျမ်းIဗဟုသုတ Iပညာပေး ကဗျာများI သုတစာပေအကြောင်း ကို စာရေးဆရာသည် သူသိသော အသိပညာ၊ သူသိသော ဗဟုသုတတို့ကို လက်ခံချင်လာအောင် သူ့စေတနာနှောလျက် တင်ပြသည်။

ထိုအခါ နားထောင်းသူ များ အနေ ဖြင့်ပညာဗဟုသုတ ရသည့်အပြင် နှစ်သက် ခြင်းလည်း ဖြစ်ရသည်။

knowledge (မသိသေးတဲ့ အချက်အလက် ပညာရပ် ကိုရှင်းလင်းအသိတိုးစေတာ) လူ့ဘဝအတွက် လိုအပ်သည့် အကြောင်းအရာ၊ ပေးနိုင်ကြောင်းတိုက်တွန်းရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *