Headlines

ချင်းလူငယ် သရုပ်ဆောင် ဂင်မုန် ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်တဲ့ မေတ္တာ ရုပ်ရှင် ဇာတ်ကား ဒီဇင်ဘာ ၂၆ အထိ ဆက်လက် ပြသမည်

ချင်းလူငယ် သရုပ်ဆောင်မင်းသား ဂင်မုန် ခေါင်းဆောင်မင်းသား အဖြစ် ပါဝင် သရုပ်ဆောင်ထားသော နိုင်ငံတကာ ဆုတံဆိပ် ၁၁ ခု ရရှိထားသည့် မေတ္တာ ပရဟိတ ရုပ်ရှင်ဇာတ်ကားကို ဒုတိယ အပတ် အနေဖြင့် ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ ရန်ကုန်မြို့နဲ့မြန်မာပြည် မြို့ကြီးများရှိ ရုပ်ရှင်ရုံ တချို့မှာ ဆက်လက် ပြသ သွားမယ် လို့ သိရပါတယ်။

“ရှေ့ဆောင် ရုပ်ရှင်ရုံမှာ က နေ့လည် ၁ နာရီ နှင့် ည ၆ နာရီခွဲမှာ ပြသ သွားမယ်။ မင်္ဂလာ ဂမုန်းပွင့်မှာ မနက် ၁၀ နာရီ၊ St. John City Mall ရဲ့ J Cineplex မှာ မနက် ၁၁ နာရီခွဲ၊ J Cineplex Junction မောင်တင်မှာ ညနေ ၄ နာရီခွဲ၊ Mega Ace Cineplex Time City မှာ မနက် ၁၀ နာရီခွဲ စသဖြင့် ဆက်လက် ပြသမှာပါ။ နေပြည်တော်မှာ တော့ J Cineplex ဥတ္တရသီရိ မှာ မနက် ၁၁ နာရီ ဖြစ်လိမ့်မယ်” လို့ ကိုဂင်မုန်ရဲ့ ကိုယ်စားလှယ် တစ်ဦးမှ Chin World Media ကို ပြောပြပါတယ်။

မိဘမဲ့ကလေးများ ရံပုံငွေအတွက် ရိုက်ကူးထားသော ချင်းအမျိုးသား သရုပ်ဆောင် Gin Mung ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်ပြီး နိုင်ငံတကာဆုတံဆိပ် (၁၁)ခုအထိ ရရှိထားတဲ့ မေတ္တာ ပရဟိတ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၃ ရက် ကနေ ၁၉ ရက် အထိ ပထမအပတ် အ ေန နဲ့ ရန်ကုန်မြို့ နှင့် မြန်မာနိုင်ငံ တခြားမြို့ကြီးများရှိ မင်္ဂလာ အဆင့်မြင့် ရုပ်ရှင်ရုံ တွေမှာ ပြသသွားခဲ့တယ် လို့ သိရပါတယ်။

မေတ္တာ ရုပ်ရှင်ဟာ Unbroken Ties မူရင်း ဝတ္တုကို အခြေခံပြီး ဒါရိုက်တာ Graham Streeter နှင့် တွဲဘက် ဒါရိုက်တာ ဂရေ့စ် ဆွေဇင်ထိုက် ရိုက်ကူး ပုံဖော်ထားကာ Madalay Production ကနေ ထုတ်လုပ်ထားခဲ့ခြင်း ဖြစ်ပါတယ်။ သရုပ်ဆောင် တွေ အနေနဲ့ ဂင်မုန်၊ အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ် တို့ အဓိက ပါဝင်ခဲ့ ပါတယ်။

“ခေတ် အခြေအနေ ကြောင့် ရုပ်ရှင် ကြည့်ရှုသူ နည်းပါးတဲ့ မြန်မာပြည်မှာ မေတ္တာ ဇာတ်ကားကိုတော့ ပရိသတ် အားပေးမှု အထိုက်အလျောက် ရရှိတဲ့ ဇာတ်ကား တစ်ခုလို့ သုံးသပ် လို့ ရပါတယ်” လို့ ရုပ်ရှင် ကြည့်ရှုသူ တစ်ဦး က သုံးသပ်ခဲ့ ပါတယ်။

အနုပညာ ကျောင်းသားများ အနေဖြင့် မေတ္တာ ရုပ်ရှင်ကို စာတမ်း ပြုလုပ်ဖို့ အတွက် အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခများ၊ ကထိက ဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူများ မှလည်း ဒီဇင်ဘာ ၁၉ ရက်နေ့က J Cineplex, Junction Square မှာ ကြည့်ရှုခဲ့ကြတယ် လို့လည်း သိရှိရ ပါတယ်။

မေတ္တာ ရုပ်ရှင် ဇာတ်ကား ဟာ မိဘမဲ့ ကလေးများ အတွက် ရည်ရွယ် ရိုက်ကူးထားသည့် ပရဟိတ ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး ချင်းတိုင်းရင်းသား၊ အမျိုးသား သရုပ်ဆောင် တစ်ဦး အနေဖြင့် ခေါင်းဆောင် မင်းသား အဖြစ် ပါဝင်ခဲ့တဲ့မြန်မာနိုင်ငံက ရုံတင်ရုပ်ရှင်ဇာတ်ကားကြီး တစ်ခု ဖြစ်တယ်လို့လည်း သိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *