Headlines

မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်မြို့မှာ ချင်းစစ်ဘေးရှောင်တွေက မြို့တွင်းသန့်ရှင်းရေးအတွက် အမှိုက်ကောက် လှုပ်ရှားမှုပြုလုပ်

ဒီဇင်ဘာလ ၇ရက်။

ဒီကနေ့ ဒီဇင်ဘာလ ၇ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်မြို့မှာ ချင်းပြည်နယ် ဟားခါး၊ထန်တလန်မြို့နယ်များမှ လာရောက်ခိုလှုံနေတဲ့ချင်းစစ်ဘေးရှောင် ၅၀ ခန့်က လောင်တလိုင်မြို့တွင်းသန့်ရှင်းရေးအတွက် အမှိုက်ကောက် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူတစ်ဦးက “ ချင်းစစ်ဘေးရှောင်တွေ အများကြီးနေထိုင်တဲ့ လောင်တလိုင်မြို့အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားကြပြီးမှ အခုလိုအမှိုက်ကောက်တာကို လုပ်ကြတာဖြစ်တယ်” လို့ပြောပါတယ်။

“ချင်းစစ်ဘေးရှောင်တွေအနေနဲ့ ကျနော်တို့ခိုလှုံနေထိုင်တဲ့ ေလာင်တလိုင်မြို့နဲ့ ကျ‌နော်တို့ကို စိတ်ရှည်ရှည်ထားပြီးအစစအရာရာကူညီ‌ေပးတဲ့ ဒီကဒေသခံတွေအတွက် ကောင်းကျိုးတစ်ခုခုလုပ်ပေးဖို့ဆိုပြီး ဒီအမှိုက်ကောက်လှုပ်ရှားမှုကို ပြုလုပ်တာဖြစ်ပါတယ်”လို့လည်း အဆိုပါလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ စစ်ဘေးရှောင်တစ်ဦးကဆက်ပြောပါတယ်။

လောင်တလိုင် ဒုက္ခသည်များဆိုင်ရာ ဘုတ်အဖွဲ့(Lawngtlai Ralzam Zohkhennak Bu – LRZB) အဖွဲ့အစည်းကနေ ဦးဆောင်ပြီး ချင်းပြည်နယ် ထန်တလန်မြို့နယ် နဲ့ ဟားခါးမြို့နယ်ကနေ မီဇိုရမ်ပြည်နယ် ၊ လောင်တလိုင်မြို့မှာ စစ်ဘေးရှောင်လာကြတဲ့ လူဦးရေ (၅၀) ဝန်းကျင်လောက်က ပူးပေါင်းပါဝင် လှုပ်ရှားခဲ့တာလို့ သိရပါတယ်။

ချင်းစစ်ဘေးရှောင်တွေက အမှိုကောက်တာကို လောင်တလိုင်မြို့ လမ်းစုံကနေ လေးဖာလုံအထိ အကွာအဝေးရှိတဲ့ လမ်းမကြီးအတိုင်း အမှိုက်တွေကောက်ခဲ့တယ်ကြတာလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးေ နာက်ဖြစ်ပွားနေတဲ့ တိုက်ပွဲပဠိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှာ ချင်းပြည်နယ် ထန်တလန်၊ ဟားခါး နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့စတဲ့ဒေသကနေ လာရောက် စစ်ဘေးရှောင်တဲ့ အိမ်ထောင်စု ၉၀ ခန့် ရှိပြီး လူဦးရေအားဖြင့် ၃၅၀ ဝန်းကျင်လောက် ရှိတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *