Headlines

မင်းတပ်၊ ဖလမ်းက စစ်ကောင်စီစခန်းအတော်များများကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်ထားနိုင်ပြီလို့ သိရ

ဒီဇင်ဘာလ ၄ ရက်။

လက်ရှိမှာ ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ဖလမ်းမြို့တွေကို အလုံးစုံထိန်းချုပ်နိုင်တာမျိုးမရှိသေးပေမယ့် ချင်းညီနောင်ပူးပေါင်းတပ်အနေနဲ့ မင်းတပ်နဲ့ဖလမ်းမြို့က စစ်ကောင်စီ စခန်း အတော်တော်များများကိုတော့ သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့အကြောင်းကို ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောပါတယ်။

ကိုယောမာန်က “မီဒီယာတချို့က ချဲ့ကားပြီး ရေးသလိုဖြစ်နေပါတယ် မြို့ကစစ်ကောင်စီကင်းစင်သွားတာမျိုး၊ မြို့ကို အလုံးစုံထိန်းချုပ်နိုင်တာမျိုး မဟုတ်သေးပါဘူး ကျနော်တို့စခန်းတွေ တော်တော်များများသိမ်းနိုင်တာရှိတယ် အောင်မြင်မှုရတာတော့ရှိပါတယ် ေနာက်ကြမှဘဲ အပြည့်အစုံကို တရားဝင်သတင်းထုတ်ပြန်သွားမှာပါ”လို့ပြောပါတယ်။

မင်းတပ်မြို့နဲ့ ဖလမ်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဒီကနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖလမ်းမြို့ ဆူရ်းဘုန်လေယာဉ်ကွင်းတောင်ကြောက တစ်နေရာကိုလည်း ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာမျိုးလုပ်ခဲ့ပါတယ်။

ဖလမ်းမြို့နေဒေသခံတစ်ဦးပြောတာက “ ဒီနေ့ မနက်ပိုင်း၁၁ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၄ လုံးလောက် ကြဲပြီး တိုက်ခိုက်သွားတယ် ဒါပြီး ဒီနေ့က တိုက်ပွဲဖြစ်တာမျိုးလည်း ရှိတာမဟုတ်ဘဲနဲ့ အခုလိုဗုံးကြဲသွားတာဖြစ်တယ်” လို့ ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဖလမ်းမြို့ကို တိုက်ခိုက်နေသလို မင်းတပ်မြို့ကိုတော့ ချင်းဒေသကာကွယ်ရေးတပ် (CDF-Mindat)တို့က တိုက်ခိုက်လျက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *