ဒီဇင်ဘာလ ၇ ရက်။
ချင်းပြည်နယ် ဇိုတုန်ဒေသအတွင်းက အဓိကကားလမ်းမကြီးတွေဖြစ်တဲ့ ဂန့်ဂေါ – အိုက်ကားလမ်း၊ ရှာတလိုင်း – လိုတော်လမ်း နဲ့ ဟားခါး – မတူပီလမ်းတို့ကို ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး မေလကနေ စက်တင်ဘာလအထိ (၅) လကျော်အထိ မိုးရာသီလမ်းပြုပြင်မှုဆောင်ရွက်ခဲ့ကြောင်း၊ဆောင်းရာသီနဲ့ နွေရာသီမှာ လမ်းပြုပြင်ခြင်းလုပ်ငန်းကိုလည်း စတင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်တာကြောင့် ရန်ပုံငွေမရရှိသေးသော်လည်း ရရာနည်းလမ်းနဲ့ ဆောင်ရွက်နေပြီလို့ဇိုတုန်ဖက်ဒရယ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ထိုသို့လမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ခြင်းအတွက် မြန်မာငွေ သိန်း ၈ ရာကျော် (၈၄,၁၀၅,၃၀၀) တိတိ ကုန်ကျခဲ့ပြီး ဆောင်းရာသီနဲ့ နွေရာသီမှာ လမ်းပြုပြင်ခြင်းလုပ်ငန်းကိုလည်း စတင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်တာကြောင့် ရန်ပုံငွေမရရှိသေးသော်လည်း ရရာနည်းလမ်းနဲ့ နိုဝင်ဘာလ (၂၈) ရက်နေ့ကစတင်ပြီး ဆောင်ရွက်နေပြီလို့လည်း ထုတ်ပြန်ထားပါတယ်။
လမ်းပိုမိုခံအောင် နဲ့ မိုးတွင်းမရောက်ခင် (၇) လ ကျော်အထိ ကောင်းမွန်စွာအသုံးပြုနိုင်ခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်း စတဲ့ကောင်းကျိုးတွေကြောင့် လုပ်ငန်းကို အလျှင်စလိုစတင်ခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
လမ်းမကြီးကို အမြန်ဆုံးပြုပြင်နိုင်ဖို့ လမ်းအသုံးပြုနေတဲ့ ခရီးသွားပြည်သူတွေ၊ အလှူရှင်တွေနဲ့ ကားသမားတွေအနေနဲ့ ပံ့ပိုးကူညီကြဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ ဇိုတုန်ဖက်ဒရယ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။