Headlines

NUG ဝန်ကြီး ဒေါက်တာဆာဆာက အမေရိကန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ ပြည်တွင်း/ ပြည်ပ အင်အားစုတွေ စည်းလုံးညီညွတ်ရေးကို တောင်းဆို


နို၀င်ဘာလ ၁၇ ရက်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိ နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာနဲ့ တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာမိသားစုများတွေ့ဆုံပွဲကို ဒေသအချိန် နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအထိ လော့စ်အိန်ဂျယ်လိစ်ကောင်တီ ဘော်ဒွင်ပတ်ခ်မြို့မှာ ကျင်းပခဲ့ရာ ဒေါက်တာဆာဆာက ပြည်တွင်း ပြည်ပ အင်အားစုတွေ စည်းလုံးညီညွတ်ရေးကို တောင်းဆိုခဲ့ပြီး၊ စစ်အုပ်စုအပေါ် ဘဏ္ဍာရေး၊ တရားဝင်မှုနဲ့ စစ်လက်နက်အကူပစ္စည်းတွေ ဖြတ်တောက်ရေးအတွက် ဆောင်ရွက်နေမှုတွေကို  ရှင်းလင်းပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ် ရေးအစိုးရ(NUG)ဝန်ကြီး ဒေါက်တာဆာဆာနဲ့ အမေရိကန်ပြည်ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယား မိသားစုတွေ တွေ့ဆုံပွဲကနေ ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကျော်ရရှိခဲ့ပြီး စစ်ဘေးသင့်ပြည်သူတွေအတွက် ကူညီပံ့ပိုးသွားမယ်လို့ သိရပါတယ်။

‘ခွန်အားဖြည့်မိငယ်’ နဲ့ ‘သွေးသစ္စာ’ သီချင်း ၂ ပုဒ်ကိုလည်း ဂစ်တာတီးခတ် သီဆို ဖျော်ဖြေခဲ့ပြီး၊ ဒေါက်တာဆာဆာ တီးခတ်ခဲ့တဲ့ ဂစ်တာကို စစ်ဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေလေလံပစ်ရာမှာ လော့စ်အိန်ဂျယ်လိစ်မြို့ခံ ဆရာဝန်တယောက်က  ဒေါ်လာ ၅၀၀၀ နဲ့  လေလံအောင် အလှူငွေထည့်ဝင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *