Headlines

၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရကြောင်း Fox News ကကြေညာ

နိုဝင်ဘာလ ၆ ရက်။

လက်ရှိထွက်ပေါ်လာသော မဲရလဒ်များအရ ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်းဒေါ်နယ်ထရမ့် က ပြိုင်ဘက် ဒုတိယ သမ္မတ ကမ်မလာဟဲရစ်ကို အနိုင်ရသွားပြီလို့ Fox News သတင်းဌာနက ဖော်ပြကြေညာသွားပါတယ်။

ထရမ့် ဟာ ၂၀၁၆ ခုနှစ်က “အမေရိကကို ပြန်လည်ကြိမ်းကျယ်ခမ်းနားစေမည်” ကတိပြုချက်ဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို အနိုင်ရကာ ပထမဆုံးအကြိမ် သမ္မတဖြစ်ခဲ့ပါတယ်။

ထရမ့်ပ်ဟာ ယင်းနောက် ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြုံခဲ့ရတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံခဲ့ရာမှာ သမ္မတ ဂျိုးဘိုင်ဒင်ကို အရှုံးပေးခဲ့ရပါတယ်။

‘’တိုင်းပြည်ကို အနာကျက်အောင်ကုစားမယ်…ခင်‌ဗျားတို့အတွက် ဘဝမှာ အရေးအကြီးဆုံး နေ့တနေ့…’’ ရွှေခေတ်ကို ရောက်ပြီ”လို့ လက်ရှိအချိန်မှာ အမေရိကန် သမ္မတရွေးကောက်ပွဲ ဒုတိယအကြိမ်အနိုင်ရဖို့ သေချာသွားပြီ ဖြစ်တဲ့ ဒေါ်နယ်ထရမ့်က ဖလော်ရီဒါပြည်နယ်ပြည်နယ်မှာ သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားရာမှာ အခုလိုပြောကြားသွားပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲဟာ ကမ္ဘာကြီးကို ဦးဆောင်နေတယ်လို့ ကြွေးကြော်နေတဲ့ အမေရိကန်နိုင်ငံ အတွက်သာမကဘဲ တကမ္ဘာလုံး အတွက်ပါ အရေးကြီးပါတယ်။

အမေရိကန်သမ္မတရွေးပွဲ အဆုံးအဖြတ်ပေးမယ့် swing state ပြည်နယ်အားလုံး မစ္စတာ ထရမ့် အနိုင်ရဖို့ ရှိနေတာ ဖြစ်ပြီး ဒါဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲတုန်းက ဒေါ်နယ်ထရမ့် ပထမအကြိမ်သမ္မတဖြစ်ဖို့အနိုင်ရခဲ့တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ရှုံးနိမ်သွားတဲ့ ကမ်မလာ ဟဲရစ်ကတော့ ဒီကနေ့ စကားပြောဖို့ မရှိဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *