Headlines

ရိဒ်နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်း ရက်ပိုင်းကြာတဲ့အထိပြန်ပိတ်တာမျိုးမရှိ‌သေးကြောင်းသိရ

နိုဝင်ဘာလ ၂ ရက်။

အိန္ဒိယနိုင်ငံဘက်မှ ၃ လခန့်ကြာ ပိတ်ထားခဲ့သည့် အိန္ဒိယ-မြန်မာ နယ်စပ်၊ချင်းပြည်နယ်၊ ရိဒ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်ကို အောက်တိုဘာလ လယ် ကနေ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီးနောက်ပိုင်း ရက်ပိုင်းကြာတဲ့အထိ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပြန်ပိတ်တာမျိုး မရှိသေးကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရ ပါတယ်။

“အခုက တံတားကို တခါတလေ လာပိတ် တတ်တယ်။ ရက်ပိုင်းထိ ကြာအောင် ပိတ်တာမျိုး မရှိသေးဘူး။ နာရီ ပိုင်း လောက်ပဲ။ ကုန်တင်ကားတွေဆို ပြန်မလှည့် တော့ဘဲ ဂိတ် ပြန်ဖွင့်မယ့် အချိန်ကို တန်းစီ စောင့်ဆိုင်း ကြတာ တွေ့ရတယ်” လို့ ရိဒ်(ခ)ရိဒ်ခေါဒါရ်မြို့ဒေသခံမှ ပြောပြပါတယ်။

ရိဒ်ကုန်သွယ်ရေးဂိတ် ကို ကုန်စည်တင်ကားများ ဖြတ်သန်းခွင့် မပြုဘဲ၊ လူတစ်ဦး နှင့်အတူ ပါလာနိုင်သည့် ကုန်စည် လောက်နဲ့သာ ဖြတ်သန်းခွင့် ပြုခဲ့ရာ ကနေ အောက်တိုဘာလ လဝက်ခန့် ကစပြီး ကုန်တင်ကားကြီးများ ပြန်လည် ဖြတ်သန်းခွင့် ပြုတာ ဖြစ်တယ် လို့လည်း သိခဲ့ ရ ပါတယ်။

အိန္ဒိယနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau of Investigation – CBI) ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ ကနေ စတင်ပြီး တရားမဝင် ကွမ်းသီးတင်သွင်းမှုကို အကြောင်းပြကာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပိတ်ပစ်လိုက်ခြင်း ဖြစ်ပါတယ်။

ရိဒ်ခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး(CNF/A) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်က မနှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *