Headlines

ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်စစ်ဆင်ရေး (CB Operation) နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့သလို ချင်းညီနောင်စစ်ဆင်ရေးမှာလည်း ပါဝင်ဆင်နွှဲနေတယ်လို့ BNRA ထုတ်ပြန်

နိုဝင်ဘာလ ၁၈ ရက်။

စစ်ကိုင်းတိုင်း၊ပုလဲမြို့သိမ်းစစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင် စစ်ဆင်ရေး (CB Operation)နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့သလို ချင်းညီနောင်စစ်ဆင်ရေးမှာလည်းပါဝင်ဆင်နွှဲလျှက်ရှိတယ်လို့ BNRA က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးစတင်ပြီး ၄၈ နာရီအတွင်း မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်များစွာကိုလည်း သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်က သုံ့ပန်း (၂၅) ဦး ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်စစ်ဆင်ရေး ( CB Operation) နဲ့ ချိတ်ဆက်ပြီး Coordinated Movement အဖြစ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်တာကြောင့် ယခုလို အတိုင်းအတာအထိ အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သလို ချင်းညီနောင်စစ်ဆင်ရေးမှာလည်း အညာညီနောင်နှစ်ဖော်ဖြစ်တဲ့ BNRA နဲ့ GZA တို့အနေနဲ့ ပါဝင်ဆင်နွဲလျှက်ရှိတယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က (CB Operation) စစ်ဆင်ရေးကို မင်းတပ်မြို့နဲ့ ဖလမ်းမြို့တို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိ တိုက်ပွဲတွေပြင်းထန်စွာဖြစ်နေတယ်လို့လည်း သိရပါတယ်။

ပုလဲမြို့ကို စစ်ကောင်စီဘက်က ဝေဟင်ကနေ စစ်ကူအင်အားတွေကျခြင်း၊ ဝေဟင်ပစ်ကူပေးခြင်းတွေကို ဖြတ်တောက်ဖို့ ခက်ခဲတာကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့ ပုလဲမြို့သိမ်းစစ်ဆင်ရေးစတုတ္ထရက်မြောက်ညနေပိုင်းမှာ မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့လည်း BNRA ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *