Headlines

ပလက်ဝမြို့နယ်ကလိမ္မော်သီးတွေ အိန္ဒိယနိုင်ငံဘက်ကို တင်ပို့နိုင်တာကြောင့် တောင်သူတွေ ဈေးကောင်းရ

နိုဝင်ဘာလ ၃၀ ရက်။

လိမ္မော်သီးအဓိကစိုက်ပျိုးတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က လိမ္မောသီးတွေ ဒီနှစ်မှာတော့ အိန္ဒိယနိုင်ငံဘက်ကို တင်သွင်းရောင်းချနိုင်လို့ တောင်သူတွေဈေးကောင်းရကြတယ်လို့ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးပြောတာက “အရင်နှစ်တွေက ဈေးကွက်မရှိဘူးပေါ့ ဒီနှစ်မှ အိန္ဒိယဘက်ကိုပို့တာဖြစ်တယ် လိမ္မော်သီး ၆ လုံးကို ရှုပီးငွေ ၁၀၀ ရကြတယ်။ ပလက်ဝဒေသက လိမ္မော်သီးအဓိကစိုက်ပျိုးတဲ့ ဒေသဖြစ်တယ်။ အရင်ခေတ်ကောင်းတုန်းကတော့ ရခိုင်ပြည်ကျောက်တော်ဘက်ကို သွင်းကြတာဖြစ်တယ်” လို့ပြောပါတယ်။

ပလက်ဝဒေသကထွက်တဲ့ လိမ္မော်သီးတွေကို အရင်က ရခိုင်ပြည်နယ်ဘက်ကို အဓိကတင်ပို့ရောင်းချခဲ့ပေမယ့် ရခိုင်ပြည်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရောင်းချနိုင်ခဲ့ခြင်းမရှိကြဘဲ ဒီနှစ်မှာ တော့ ပလက်ဝဒေသအတွင်းနဲ့ အိန္ဒိယဘက်ကို တင်ပို့ရောင်းချလာနိုင်တာလို့လည်း သိရပါတယ်။

ပလက်ဝမြို့နယ် ကုလက်ချောင်း၊ ရုံလက်ချောင်း၊ ရှင်းလက်ချောင်းနဲ့ ဥသာလင်းချောင်းစတဲ့ ဒေသတွေမှာ လိမ္မော်သီးတွေကို တောင်သူတွေက အဓိကစိုက်ပျိုးကြတာလို့လည်း သိရပါတယ်။

မီးဇာရွာနားမှာ လိမ္မော်သီး ၄ လုံးကို ၁၀၀၀ ကျပ်၊ ပလက်ဝမြို့ပေါ်မှာ ၃ လုံး ၅၀၀၀ ကျပ်နဲ့ အိန္ဒိယမှာ ၆ လုံးမှာ ရူပီးငွေ ၁၀၀ ဈေးရရှိ ကြတယ်လို့လည်း သိရပါတယ်။

ချင်းပြည်နယ် ပလက်ဝဒေသဟာ မြန်မာနိုင်ငံ အနောက်ဘက်မှာတည်ရှိပြီး ရခိုင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့လည်း နယ်နိမိတ်ချင်းထိစပ်တဲ့ဒေသဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *