Headlines

တမူးမြို့နယ် သနန်ရွာမှ ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်များက ဖမ်းဆီးသတ်ဖြတ်ခဲ့” ဟု ISP-Myanmar မှ အချက်အလက်မှားယွင်းဖော်ပြမှုအပေါ် ပယ်ဖျက်ပေးရန် ကူကီးအမျိုးသားတပ်မတော်က တောင်းဆို

အောက်တိုဘာ ၂၅ ရက်။

တမူးမြို့နယ် သနန်ရွာမှ ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်များက ဖမ်းဆီးသတ်ဖြတ်ခဲ့” ဟုISP-Myanmar မှ အချက်အလက်မှားယွင်းဖော်ပြမှုအပေါ် ပယ်ဖျက်ပေးရန် အဆိုပါဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ကူကီးအမျိုးသားတပ်မတော်(KNA-B)က ေတာင်းဆို ေကြာင်းဒီနေ့အောက်တိုဘာလ ၂၅ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) မှ (၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက် မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ အထိ) “ဘုတလင်ဖြစ်စဉ်အပါအဝင် စစ်ကောင်စီကျူးလွန်ခဲ့သော အစုအပြုံလိုက်သတ်ဖြတ်မှုများ” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့က သတင်းအချက်အလက် ထုတ်ပြန်ရာတွင် “၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်တွင် တမူးမြို့နယ် သနန်ရွာမှ ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်များက ဖမ်းဆီးသတ်ဖြတ်ခဲ့” ဟုအခြေအမြစ်မရှိဘဲ အချက်အလက်မှားယွင်း ဖော်ပြထားကြောင်း ၊အောက်တိုဘာ ၂၄ ရက်နေ့ The Irrawaddy – Burmese သတင်းဌာနတွင်လည်း ISP-Myanmar ၏ ထုတ်ပြန်ချက်အား သတင်းရုပ်သံဖြင့် ထပ်ဆင့် ဖော်ပြထားကြောင်း ကူကီးအမျိုးသားတပ်မတော် KNA(B) အနေဖြင့် အဆိုပါပြစ်မှုမျိုး ကျူးလွန်ခဲ့ခြင်း လုံးဝ(လုံးဝ) မရှိပါ။ ထို့ကြောင့် ISP-Myanmar အနေဖြင့် အချက်အလက်မှားယွင်းဖော်ပြမှုအား ပယ်ဖျက်ပေးရန် တောင်းဆိုပါ ကြောင်း အဆိုပါဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ကူကီးအမျိုးသားတပ်မတော်(KNA-B)က ဒီနေ့ အောက်တိုဘာ ၂၅ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဖွဲ့အစည်းများ၊ သတင်းဌာနများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သော်လည်းကောင်း၊ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များထံမှ သော်လည်းကောင်း သတင်းအချက်အလက်များအား စုံစမ်းစစ်ဆေးအတည်ပြုပြီးမှသာ သတင်းထုတ်ပြန်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ကူကီးအမျိုးသားတပ်မတော်(KNA-B)၊သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ပါတယ်။

တမူးမြို့နယ်ဟာ မြန်မာ – အိန္ဒိယနယ်စပ် မြို့ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)အင်အားကောင်းတဲ့ နေရာဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *