Headlines

အောက်တိုဘာ ၂ ရက်နေ့ ကစပြီးအမေရိကန်ပြည်ဝင်ခွင့် DV ကံစမ်းမဲဗီဇာ DV2026 Program စတင်ပါတော့မယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက ေန အမေရိကန်နိုင်ငံကို ေပြာင်း ေရွ့အခြေချနေထိုင်လိုသူများအတွက် Green Card (အမြဲတမ်းနေထိုင်ခွင့်ကတ်) မဲဖောက်ပေးတဲ့ Diversity Visa Program (DV) Lotteryကို အောက်တိုဘာ ၂ ရက်နေ့ အမေရိကန်စံတော်ချိန် မွန်းတည့် ၁၂ နာရီ မှစတင်လျှောက်ထားခွင့်ပြုမည်ဖြစ်ကာ ၁ လ ၀န်းကျင်အကြာနိုဝင်ဘာ ၅ ရက်နေ့မှာ ေလျှာက်လွှာပိတ်မည်ဖြစ်ပါတယ်။

US DV 2026 ကိုလျှောက်ထားခွင့်ရတဲ့နိုင်ငံ ေတွထဲမှာမြန်မာနိုင်ငံလည်းပါဝင်ပါတယ်။နှစ်စဉ်နိုင်ငံအသီးသီးမှ ရွေ့ပြောင်းနေထိုင်သူ ၅၀,၀၀၀ ခန့်ကို တရားဝင်နေထိုင်ခွင့်ပေးတဲ့ DV Lottery ရဲ့မဲပေါက်သူ စာရင်းကို ၂၀၂၅ ခုနှစ် မေလအတွင်းမှာထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

ယခုDV Lottery သည် ၂၀၂၆ ခုနှစ်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး မဲပေါက်သူများအနေဖြင့် ၂၀၂၆ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူများအနေဖြင့်အမည်၊မွေးနေ့သက္ကရာဇ်၊ မွေးဖွားရာ ဇာတိမြို့၊ နေရပ်လိပ်စာ၊ အီးမေးလ်၊ ဖုန်းနံပါတ်၊ ပညာအရည်အချင်း၊ အိမ်ထောင် ရှိ/ မရှိနှင့် နှစ်လက်မပတ်လည် အဖြူနောက်ခံ ကာလာဓာတ်ပုံ (600×600 pixels, DV Lottery ဓာတ်ပုံအရွယ်အစား) တို့ လိုအပ်မည်ဖြစ်ပါတယ်။

ထို့အပြင် မိသားစုလိုက် လျှောက်ထားလိုသူများအနေဖြင့် မိသားစုဝင်များ၏ အမည်၊ ၎င်းတို့ ၏ မွေးနေ့၊ မွေးရပ်၊ ဓာတ်ပုံများလိုအပ်မည်ဖြစ်ကြောင်းသိရပါတယ်။

လျှောက်ထားစဉ်ကာလမှာ Passport (နိုင်ငံကူးလက်မှတ်)ရှိရန်မလိုအပ်သော်လည်း ကံစမ်းမဲပေါက်သည့်အချိန်မှာ ေတာ့ ပတ်စပို့၊ မွေးစာရင်း၊ ၁၀ တန်းအောင်လက်မှတ်၊ အိမ်ထောင်ရှိပါက လက်ထပ်စာချုပ်၊ အိမ်ထောင်ကွဲကွာထားပါက ကွာရှင်းစာချုပ်တို့ လိုအပ်မည်ဖြစ်သည်။ လျှောက်ထားရသည့်လုပ်ငန်းစဉ်မှာ လွယ်ကူချောမွေ့သည့်အတွက် ကိုယ်တိုင်လျှောက်လွှာတင်နိုင်ကြောင်း သိရပါတယ်။

လျှောက်ထားနိုင်တဲ့တရားဝင် Website စာမျက်နှာမှာ https://dvprogram.state.gov/ မှာ ဖြစ်ပါတယ်။

DV လျှောက်ထားလျှင် သတိပြုရန် အချက်များ

(၁) ဇနီး၊ခင်ပွန်း နှင့် သားသမီး အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိသူ များကို အတူနေသည်ဖြစ်စေ မနေသည်ဖြစ်စေ အမေရိကန်သို့ လိုက်ပါသည်ဖြစ်စေ မလိုက်ပါသည်ဖြစ်စေ တစ်ပါတည်း တွဲပြီး လျှောက်ထားရမှာဖြစ်တဲ့အတွက် မိသားစုအကုန်လာရောက်ပြီးဓါတ်ပုံရိုက်လျှောက်ထားကြပါရန်။ လူမပါရင် ဓါတ်ပုံ ယူခဲ့နိုင်ပါတယ်။

(၂) ဇနီး၊ခင်ပွန်း နှင့် သားသမီး အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိသူများသည် အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေခဲ့လျှင် US Citizen or Green Card Holder မှ အပ ကျန်သူများ တစ်ပါတည်း ထည့်သွင်းလျှောက်ထားရပါမယ်။

တစ်ပါတည်းတွဲပြီး မလျှောက်ထားမိခဲ့ရင် ဗီဇာငြင်းပယ်ခံရတဲ့ အထိ ဖြစ်နိုင်ပါတယ်။

(၃) အမှန်တစ်ကယ်လက်ထပ်မထားပဲ လက်ထပ်(Married)နဲ့ လျှောက်ထားခြင်း မပြုလုပ်ကြပါရန်

အမှန်အကန် ဆိုရင် မဲပေါက်မှ လက်ထပ်ပြီးတစ်ပါတည်းခေါ်သွားလို့ရပါတယ်။

(၄) ကွာရှင်း ဖြင့်လျှောက်ထားလျှင် မဲပေါက်သည့် အခါ တရားရုံး အသိအမှတ်ပြု ကွာရှင်း(သို့) ကျမ်းကျိန်စာချုပ်လိုပါတယ်။

(၅) အိမ်ထောင်ဘက်က မလိုက်လိုသော်လည်း တစ်ပါတည်း ထည့်သွင်းလျှောက်ထားပါ၊ မဲပေါက်မှ ထားခဲ့လို့ရပါတယ်

လျှောက်ထားရင်တော့ သူ့ဓါတ်ပုံနဲ့ အချက်အလက်လိုအပ်ပါတယ်။

(၆) အိမ်ထောင်ဘက် နှင့် သားသမီး ရှိလျက်ဖြင့်

အလွယ်တကူ.Single ဖြင့် လျှောက်ထားမှုများ ကြုံတွေ့နေရပါတယ် Visa ငြင်းပယ်ခံရပါလိမ့်မယ်။

(၇) မုဆိုးဖို မုဆိုးမ ဖြင့် လျှောက်ထားသူများ အတွက် မဲပေါက်သည့် အခါ သေစာရင်းလိုပါတယ်။

(၈) မွေးစားခလေး များထည့်သွင်းလျှောက်ထားမည် ဆိုပါက အဆိုပါကလေးသည် တရားရုံးတွင်စာချုပ်စာတမ်းဖြင့် တရားဝင်မှတ်ပုံတင်မွေးစားထားသော ငယ်စဉ်ကတည်းက တစ်မိုးအောက်အတူနေ အိမ်ထောင်စုဝင် ကလေး ဖြစ်မှ အဆင်ပြေနိုင်ပါတယ်၊မိခင်ဖခင်အရင်းမှ မထောက်ပံံံ့နိုင်တဲ့ ကလေးဖြစ်ရပါမယ်။

(၉) လင်ပါ မယားပါ သား သမီး အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိလျှင် ထည့်သွင်းလျှောက်ထားရပါမယ်။

(၁၀) Passport တွင်ပါရှိသည့် မွေးဇာတိမြို့နယ် နှင့် အမှန်တစ်ကယ် မွေးဖွားသည့် မွေးဇာတိမြို့နယ် များကွဲလွဲမှု တွေ့ရပါသဖြင့် အမှန်တစ်ကယ် မွေးဖွားသော မြို့နယ်ကိုသာ ထည့်သွင်းလျှောက်ထားရန်။

Ref: USDVLottery

Leave a Reply

Your email address will not be published. Required fields are marked *