Headlines

အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်းအရပ်သားသေဆုံးသူ ၁၂၀၀၀ ကျော်ရှိလာ

အောက်တိုဘာလ ၅ ရက်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)နဲ့စစ်ကောင်စီရဲ့၂ ဘက် ထုတ်ပြန်ချက်တွေထဲက အရပ်သားသေဆုံးမှုအရေအတွက်ကိုပေါင်းလိုက်ရင် အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း အရပ်သား သေဆုံးသူ စုစုပေါင်း ၁၂၀၀၀ ကျော်ရှိလာကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၅၇၅၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ထိန်းချုပ် သတင်းစာတွေထဲမှာတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ၂၀၂၄ စက်တင်ဘာလ ၅ ရက်နေ့ အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေကြောင့် သေဆုံးသူ ၆၆၆၇ ဦးရှိခဲ့ကာ ၊ သေဆုံးသူထဲမှာ ဒလန်လို့စွတ်စွဲအသတ်ခံရသူအရေအတွက်အများဆုံးဖြစ်တယ်လို့ အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စစ်ပြေးဒုက္ခသည် ၆ ဒသမ ၅ သန်းကျော် ရှိနေပြီ လို့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar က အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စပြီး စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDFs လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား ထိတွေ့တိုက် ပွဲပေါင်း အနည်းဆုံး အကြိမ်ရေ ၁၇၀၀၀ ဖြစ်ပွားခဲ့ပြီး နိုင်ငံအတွင်းက မြို့များ၏ ၇၀ ရာခိုင်နှုန်းလောက်မှာ စစ်ပွဲ များ ဖြစ်ပွါးနေကြောင်းISP-Myanmar က ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *