အောက်တိုဘာလ ၃၀ ရက်။
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်း လမ်းပိုင်းမှာ အမ်းမြို့နယ်ဘက်ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို မဟာမိတ်မင်းဘူးခရိုင်တပ်ရင်း (၂) နဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့က စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး အမြောက်အများ ဒဏ်ရာရခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမ်း – ပဒါန်း လမ်းပိုင်းမှာ အမ်းမြို့နယ်ဘက်ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကား (၂) စီး၊ ဆိုင်ကယ် (၂) စီးပါယာဉ်တန်း ဆင်းလာတာကို သတင်းအတိကျရရှိတဲ့အတွက် အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည်လောက်မှာ အမ်း – ပဒါန်းကားလမ်းမဘေး စပ်စီရွာနီး ဝက်စာကျင်းလမ်းဆုံကနေ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မဟာမိတ်မင်းဘူူးခရိုင်တပ်ရင်း (၂) တို့်က ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ACDF က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ချိန် နာရီဝက်ကြာမြင့်ခဲပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ဦးခန့် သေဆုံးကာ အမြောက်အများ ဒဏ်ရာရရှိခဲ့ကြပြီး မိမိတို့ဘက်က ရဲဘော်အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) ကထုတ်ပြန်ထားပါတယ်။
အရှိုချင်းကာကွယ်ရေးတပ်(ACDF)ဟာ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မှာအခြေစိုက်လှုပ်ရှားနေတဲ့ ချင်းတော်လှန်ရေးအဖွဲ့ဖြစ်ပါတယ်။