Headlines

ရန်ကုန်မှာပြုလုပ်မယ့် ဂျာမန်ဓာတ်ပုံဆရာ ယန့်ဇ် နှင့် ချင်းလူငယ် ပန်းချီဆရာ ဆလိုင်းနံရံတို့ရဲ့” The Soul of Southern Chin” ပြပွဲ

အောက်တိုဘာလ ၂၉ ရက်။

လာမယ့် နိုဝင်ဘာလ ၁ ရက်ကနေ ၁၇ ရက်အထိ ရန်ကုန်မြို့လယ်၊ကျောက်တံတားမြို့နယ်က KaLaSa Art Spaceမှာဂျာမန်ဓာတ်ပုံဆရာ ယန့်ဇ် နှင့် ချင်းလူငယ် ပန်းချီဆရာ ဆလိုင်းနံရံတို့ပူးတွဲပြီးဓာတ်ပုံနှင့်ပန်းချီ အတွဲအဆက်ပြပွဲ”The Soul of Southern Chin” ပြပွဲကိုပြုလုပ်မှာဖြစ်ကြောင်းသိရပါတယ်။

ပြပွဲနဲ့ပတ်သက်ပြီး ချင်းလူငယ်ပန်းချီဆရာဆလိုင်းနံရံက”ဂျာမန်သံရုံးကဦးစီးကျင်းပပေးတဲ့ ဂျာမန်ဓါတ်ပုံဆရာနဲ့ကျွန်တော်နဲ့ နှစ်ယောက်ပေါင်းပြမယ့် ဓါတ်ပုံ~ပန်းချီ ပြပွဲဖြစ်ပါတယ် မိတ်ဆွေများကြွရောက်ခံစားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျ “ လို့သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာရေးသားထားပါတယ်။

The Soul Of Southern Chin : Vanishing Expression of Identity အမည်ရ အနုပညာပြပွဲဟာ ဂျာမန်ဓာတ်ပုံဆရာ ယန့်ဇ် နှင့် ချင်းအမျိုးသားပန်းချီဆရာ ဆလိုင်းနံရံတို့မှ ပူးတွဲတင်ဆက်ပြသတဲ့ ဓာတ်ပုံနှင့်ပန်းချီ အတွဲအဆက်ပြပွဲတစ်ပွဲဖြစ်ကာ၊ပြပွဲမှာ ပြသမယ့်ပန်းချီကားများနှင့် ဓာတ်ပုံတွေဟာ ချင်းပြည်နယ် ၊ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတို့မှာ နေထိုင်ကြပြီး ကွယ်ပျောက်လုနီးပါးဖြစ်သော တောင်ပိုင်းချင်းလူမျိုးတို့ရဲ့ယဉ်ကျေးမှုဓလေ့နှင့် ကိုယ်ပိုင်ဝိသေသလက္ခဏာများကို သူတို့ ကျွမ်းကျင်ပိုင်နိုင်သော အနုပညာဖန်တီးမှုတို့ဖြင့် ပြန်လည်ဖော်ထုတ်ထားခြင်းဖြစ်ကြောင်းသိရပါတယ်။

“The Soul of the Southern Chin: Vanishing Expression of Identity” is a duet exhibition featuring German photographer Jens Uwe Parkitny and Chin artist Salai Nanyan. This exhibition goes beyond ordinary photographs and paintings. Both artists developed their own visual language that nicely complimented each other to tell untold stories of different Chin groups that dwell in Chin State, Rakhine State and Magaway Division, and that are referred to as “Southern Chin”.

📆Exhibition Date ~ 1-November-2024 to 17- November-2024

⌛️ Exhibition Time ~ 10:00 AM to 05:00 PM

📍Location : KaLaSa Art Space,No, 91-93 1st floor (Left) Seikanthar Street Kyauktada Township near the, Merchant Rd, Yangon 11182, Myanmar (Burma)

Leave a Reply

Your email address will not be published. Required fields are marked *