အောက်တိုဘာလ ၁၇ ရက်။
မလေးရှားနိုင်ငံ၊ ကလန်တန် ပြည်နယ် ဂျာလီခရိုင်ထဲက တောတွင်းစိုက်ပျိုးရေးခြံတစ်ခုမှာ အလုပ်လုပ်တဲ့ အသက်၂၈နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး ကို ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကျားဆွဲခံခဲ့ရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မလေးရှားစံတော်ချိန်ည ၈ နာရီဝန်းကျင်လောက်မှာ ကျားဆွဲခံရတာဖြစ်ပြီး သူ့အလောင်းကို ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပြန်တွေ့တာဖြစ်ပါတယ်။
သေဆုံးသူဟာ မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာက ဆလိုင်းဟုန်းရှိန်ဖေ (၂၈) အရွယ်ရှိသူလို့ သိရပြီး မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ်က ဂျာလီခရိုင်ရှိ တောတွင်း စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။
ဆလိုင်းဟုန်းရှိန်းဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ အလုပ်လုပ်ကိုင်နေတာ ၁၀ နှစ်ဝန်းကျင်လောက် ရှိနေပြီလို့လည်း သိရပါတယ်။
မလေးရှားနိုင်ငံ၊ ကလန်တန် ပြည်နယ်၊ဂျာလီခရိုင်ဟာ တောရိုင်းတိရိစ္ဆာန်တွေဖြစ်တဲ့ ဆင်ရိုင်း၊ ကျား အလွန်ပေါများတဲ့ နေရာဒေသလည်းဖြစ်ပြီး ကျားဆွဲခံရတဲ့ဖြစ်စဉ်က အခုမှ ပထမဆုံးကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။