Headlines

မတူပီမြို့သိမ်းတိုက်ပွဲကာလမှာ မိသားစုတကွဲတပြားဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်သားနဲ့ ၁၇ နှစ်အရွယ် စကားမပြောတတ်တဲ့ သမီး ကို ယနေ့အချိန်ထိ အဆက်သွယ်မရသေးဘူးလို့ သိရ

အောက်တိုဘာလ ၁၁ ရက်။

မတူပီမြို့သိမ်းတိုက်ပွဲကာလဖြစ်တဲ့ ပြီးခဲ့တဲ့ဇွန်လတုန်းက မတူပီရောက်နေတဲ့ ပလက်ဝမြို့နယ်က ဓမ္မဆရာမိသားစုဟာ တကွဲတပြားဖြစ်ပြီး ပျောက်ဆုံးသွားတဲ့ အသက် ၁၈ နှစ်အရွယ်သားနဲ့ ၁၇ နှစ်အရွယ် စကားမပြောတတ်တဲ့ သမီး ကို ယနေ့အချိန်ထိ မိသားစု၀င်တွေက အဆက်အသွယ်မရသေးလို့ ထိန်းသိမ်းထားသူများရှိရင် ပြန်ဆက်သွယ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

ပလက်ဝမြို့နယ်ကနေ ရန်ကုန်ကို စစ်ဘေးရှောင်ဖို့သွားတဲ့ ပလက်ဝမြို့နယ်က ဓမ္မဆရာမိသားစုဟာ ဇွန်လလောက်မှာ မတူပီကို ရောက်ခဲ့ပြီး မတူပီမြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားတာနဲ့ ကြုံတွေ့ကာ မိသားစုတကွဲတပြားဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ပလက်မြို့နယ်ကနေ ရန်ကုန်ကို စစ်ဘေးရှောင်ဖို့သွားတဲ့ မိသားစုဝင်ငါးယောက် သူတို့ကပလက်ဝကနေ မတူပီကိုအရင်သွားတယ် မတူပီရောက်တဲ့ခါကြတော့ မတူပီမှာ အမျိုးမရှိတော့ ရဲစခန်းမှာ အသိရှိလို့ ရဲစခန်းမှာခဏတည်းတယ် မနက်ကြတော့ မြို့သိမ်းတိုက်ပွဲစဖြစ်တော့ အဲဒီမှာ မိသားစုတစ်ကွဲတပြားဖြစ်ပြီး မိခင်နဲ့ကလေးကြတော့ CDF – Matupi ကထိန်းသိမ်းထားပြီးတော့ အခု ဆမီးကိုပြန်သွားပြီး သူတို့ သား ၁၈ နှစ်အရွယ်နဲ့ ၁၇ နှစ်အရွယ်သမီးကတော့ အခုအချိန်ထိပျောက်ဆုံးနေတယ် သမီးကျတော့ စကားလည်းမပြောတတ်ဘူး သက်ဆိုင်ရာဒေသခံလက်နက်ကိုင်တော်တော်များများကို မေးမြန်းထားတော့ ဖမ်းဆီးထိန်းသိမ်းထားတာမျိုးမရှိဘူးလို့ သိရတယ်” လို့ Chin World Media ကိုပြောပါတယ်။

မတူပီ၊ မင်းတပ်၊ ကန်ပက်လက် စတဲ့မြို့နယ်တွေက ကျေးရွာတွေမှာ တွေ့ရှိတာဘဲဖြစ်ဖြစ်၊ လက်နက်အဖွဲ့အစည်းတွေက ထိန်းသိမ်းစောင့်ရှောက်ထားတာဖြစ်ဖြစ် ဖခင်ဖြစ်သူရဲ့ ဖုန်း ၀၁၁၆၂၂၆၆၂၀၅ ကိုဆက်သွယ်ပေးဖို့ အကူအညီတောင်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *