Headlines

ပလက်ဝမြို့နယ်မှာ ဒေသခံအမျိုးသား၃ ဦး ဓားနဲ့ခုတ်ပြီး အသတ်ခံရတယ်လို့ သိရ

အောက်တိုဘာလ ၁ ရက်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဒေသခံ ၃ ဦး ရခိုင်ပြည်နယ် ကျောက်တော်ကို ပစ္စည်းပို့သွားတဲ့အ ချိန် ဓားခုတ်ဒဏ်ရာနဲ့ အမျိုးသား ၃ ဦးလုံး သေဆုံးနေတာကို မိသားစုဝင်တွေက ပြန်တွေ့ရတယ်လို့ ပလက်ဝ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “စက်တင်ဘာလ ၈ ရက်နေ့က အိန္ဒိယဘက်က ကုန်ပစ္စည်းတွေကို ကျောက်တော်ဘက်ကို သားအဖမြေး အဖိုး ၃ ယောက်ပေါ့ အသွားမှာ အသတ်ခံရတာလား အပြန်မှာ အသတ်ခံရတာလားတော့ မသိရဘူး မိသားစုတွေက အချိန်မှီမရောက်လာတော့ သွားရှာကြည့်တဲ့အချိန် ခေါင်းတခြား၊ ခန္တာကိုယ်တခြား ပလက်ဝမြို့နယ်က ရွာတစ်ရွာမှာ ပြန်တွေ့တာပေါ့” လို့ Chin World Media ကိုပြောပါတယ်။

အလောင်းတွေကို ပလက်ဝမြို့နယ် အောက်ပိုင်းက တန့်ဆိပ်ရွာ ရွာမှာ ၂ လောင်းတွေ့တယ် မွန်ထောင့်ရွာမှာ ၁ လောင်းနဲ့ တန့်ဆိပ်ရွာမှာတွေ့တဲ့အလောင်းကြတော့ ဦးခေါင်းတခြား ခန္တကိုယ်တခြားနဲ့တွေ့တာဖြစ်ပြီး အကုန်လုံး ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးတာလို့ ပလက်ဝဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

အခုလိုအသတ်ခံရတာဟာ ဓားပြအတိုက်ခံရင်း အသတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံရွာသားတွေ ပြောဆိုချက်အရလည်း သိရပါတယ်။

လက်ရှိမှာ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားသလို အုပ်ချုပ်ရေးအပိုင်းကိုလည်း တာဝန်ဆောင်ရွက်နေပြီး လက်ရှိ ၃ လောင်းပြိုင်အသတ်ခံရမှုနဲ့ ပက်သက်ပြီး ဘယ်လိုဆောင်ရွက်ဖြေရှင်းမလဲဆိုတာတော့ မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *