Headlines

ပလက်ဝမြို့နယ်မှာ ခရီးသွားလာခွင့်ကို အာရက္ခတပ်တော် (AA) ကပိတ်ပင်ထားတယ်လို့ သိရ

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) က ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်ကို အောက်တိုဘာလ ၉ ရက်နေ့ကစလို့ ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ ဘာကြောင့်အခုလို ပိတ်တယ်ဆိုတာ ပြောဖို့ခက်နေသေးတယ် တစ်ရွာနဲ့တစ်ရွာ သွားလာဖို့တောင် ခက်ခဲတယ် AA ဂိတ်ရှိတဲ့နေရာဆိုရင် သွားလို့ရရင်တောင် တော်တော် စစ်ဆေးတယ်လို့ကြားတယ်။ ပလက်ဝက သူတို့ထိန်းချုပ်နယ်မြေဖြစ်တော့ ကြိုက်သလို လုပ်တာဖြစ်နိုင်တယ် အကြောင်းမရှိရင်လည်း အကြောင်းရှာပြီး အပြစ်မဲ့ပြည်သူတွေကို တော်လှန်ရေးခေါင်းစဉ်တက်ပြီး အာဏာပြတာလည်းဖြစ်နိုင်မယ်လို့ ယူဆတယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်း ဒေသခံတွေ သွားလာခွင့်ကို အာရက္ခတပ်တော် (AA) ဟာ စစ်ဆေးတင်းကြပ်ထားရာကနေ အခုတော့ လုံးဝ ပိတ်ထားတဲ့ အခြေနေဖြစ်သွားပြီဖြစ်လို့ ဒေသခံတွေအတွက် ကျန်းမာရေး၊ လူမှုရေးကိစ္စဖြစ်ဖြစ် အရေးပေါ်အခြေအနေမှာ အရမ်းဒုက္ခရောက်ရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပလက်ဝမြို့နယ်က ဆရာဝန် တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၃၀ ဝန်းကျင်ကိုလည်း အာရက္ခတပ်တော် AA က ဖမ်းဆီးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *