Headlines

တီးတိန်မြို့မှာ သန်းခေါင်စာရင်းကောက်ခံမှုမှာ တက်ကြွစွာပါဝင်သူတစ်ဦးကို PDF-Zoland ကဖမ်းဆီးလိုက်ကြောင်းထုတ်ပြန်

အောက်တိုဘာလ ၄ ရက်။

ချင်းပြည်နယ်၊ တီးတိန်မြို့၊မြို့မ ရပ်ကွက်မှာနေထိုင်တဲ့ U Kam Lam Thang ဟာ စစ်ကောင်စီရဲ့သန်းခေါင်စာရင်းကောက်ခံမှုမှာ တက်ကြွစွာပါ၀င်ခြင်းကြောင့်ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း PDF-Zoland ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

PDF Zoland နှင့် Chin Brotherhood တို့၏ ထုတ်ပြန်တားမြစ်ချက်များကို မလေးစား မလိုက်နာဘဲ စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် တက်ကြွပါဝင်သည့် U Kam Lam Thang (Tedim, Myoma) အား PDF Zoland မှ ထိန်းသိမ်းထားလိုက် ေကြာင်း ၊အခြား ပါဝင်လှုပ်ရှားသူများရှိလာပါက အလားတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် လို့ PDF Zoland ကဒီကနေ့ အောက်တိုဘာလ ၄ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၁ ရက်က နေ ၁၅ ရက်အထိမြန်မာတနိုင်ငံလုံးမှာ လုံခြုံ ရေးအရ ကောက်ယူနိုင်တဲ့ ဒေသ တွေမှာ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည်လို့ အာဏာသိမ်းထားတဲ့စစ်ကောင်စီက ကြေညာထားပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာ လည်း လုံခြုံရေးတိုးမြှင့်ပြီး အချိန် ၃ လ အထိယူကာ သန်းခေါင်းစာရင်း ကောက်ယူမှုတွေ လုပ်မယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင်က BBC မြန်မာပိုင်း ကို ဖြေကြားထားပါတယ်။

စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်တာကို အောက်တိုဘာလ ၁ ရက်နေ့ကစလို့ စတင်ကောက်ယူခဲ့ပြီး ချင်းပြည်နယ်မှာ တော့ ဘယ်လိုသန်းခေါင်စာရင်းကောက်ခံနေသလဲ ဆိုတာ စုံစမ်းနေဆဲဖြစ်ပါတယ်။

ချင်းတော်လှန်ရေးအဖွဲ့အစည်း အားလုံးနီးပါးက စစ်ကောက်စီက လုပ်ဆောင်နေတဲ့ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်မှာ ပါဝင်တဲ့ မည်သူကိုမဆို ပြင်းထန်စွာ အရေးယူမှာဖြစ်တဲ့ကြောင်း အသီးသီးက သတိပေးထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *