Headlines

တီးတိန်မြို့နယ်အတွင်း ဘိန်းခင်း ဧက၂၀ကျော်ကို PPF ZOLAND နှင့် PDF ZOLAND ပူးပေါင်းဖျက်ဆီး

အောက်တိုဘာလ ၂၄ ရက်။

ဇိုလဲန်းပြည်သူ့ရဲ့တပ်ဖွဲ့ (People’s Police Force-Zoland) နဲ့ပူးပေါင်းပြီး တီးတိန်မြို့နယ်ထဲမှာ ဘိန်းစိုက်ထားတဲ့ စိုက်ခင်းဧက(၂၀) ကျော်ကို အောက်တိုဘာလ ၂၂-၂၃ ရက် မှာ ၂ ရက်ဆက်တိုက် ဘိန်းပင်တွေဖျက်ဆီးနိုင်ခဲ့တယ်လို့ PDF Zoland ခေါင်းဆောင်တစ်ဦးမှ Chin World Media ကိုပြောပြပါတယ်။

ဘိန်းစိုက်တဲ့ ပိုင်ရှင်တွေဆီကိုသတိပေးစာကို ပေးထားသော်လည်း လိုက်နာမှုမရှိသည့်အပြင် ဆက်လက်လုပ်ဆောင်နေသောကြောင့် PDF Zoland နှင့် PPF Zoland ပူးပေါင်းရှင်းလင်းရခြင်းဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။

“ခေတ်ကာလမကောင်းတဲ့ကြားမှာမကောင်းတဲ့စီးပွားရေးဖြစ်တဲ့ ဘိန်းစိုက်တာဟာ ပြည်သူနှင့်လူမျိုးတွေကိုဖျက်စီးနိုင်တယ်၊ ပညာတတ်လူငယ်တွေအများကြီးလည်း ပျက်စီးနိုင်တဲ့ အပြင် အချိန်ကြာရင် လူမျိုးပါ တုံးသွားနိုင်တဲ့အထိ ဆိုးကျိုးတွေဖြစ်လာနိုင်တာကြောင့် အခြေအနေမဆိုးခင် အချိန်မှီ တားဆီးနိုင်ရန် အခုလိုဖျက်ဆီးရခြင်းဖြစ်ပါတယ်”လို့ PDF Zoland ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

တခြားနေရာမှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကိုလည်း PPF အနေဖြင့် အပြတ်ရှင်းနိုင်အောင်ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း PDF Zoland အဖွဲ့ဆီကသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *