Headlines

ချင်းဖိုက်တာ Tial Thang နဲ့ အမေရိကန်ဖိုက်တာ အောက်တိုဘာလ ၁၈ ရက်မှာ ထိုးသတ်မယ်

အောက်တိုဘာလ ၉ ရက်။

ဘက်စုံသုံးတိုက်ခိုက်ရေး(MMA)ချင်းဖိုက်တာ တီာလ်ထန်း ( Tial “The Dragon Leg” Thang ) ဟာ လာမယ့်အောက်တိုဘာလ ၁၈ ရက်မှာအမေရိကန်နိုင်ငံ၊ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒေလ်းဖီးယား မြို့မှာ ကျင်းပမယ့် Cage Fury Fighting Championship 137 ပြိုင်ပွဲမှာ အမေရိကန်ဖိုက်တာChristian Mcauley နဲ့ထိုးသတ်သွားမှာဖြစ်ကြောင်း တီာလ်ထန်းက ဒီနေ့ အောက်တိုဘာလ ၉ ရက်မှာ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာပရိတ်သတ်တွေကိုအသိပေးထားပါတယ်။

ချင်းဖိုက်တာ တီာလ်ထန်းကတော့ အသက် ၃၁ နှစ်ရှိပြီဖြစ်ကာ ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ One Championship ပွဲတွေအပါအဝင် ပွဲပေါင်း ၁၈ ပွဲ ထိုးသတ်ထားပြီး ၁၀ ပွဲနိုင်၊ ၇ ပွဲရှုံး၊ ၁ ပွဲပျက် ရလဒ်ထွက်ပေါ်ထားသူဖြစ်ပါတယ်။

တီာလ်ထန်းနဲ့ထိုးသတ်မယ့် ပြိုင်ဘက် အမေရိကန်ဖိုက်တာ Christian Mcauley ဟာ အသက် ၂၅ နှစ်အရွယ် လူငယ်ဖိုက်တာဖြစ်ပြီးပရော်ဖက်ရှင်နယ်ဖိုက်တာ ဘဝ ၇ ပွဲ ထိုးသတ်ထားပြီး လုံးဝရှုံးပွဲမရှိသေးတဲ့သူဖြစ်တယ်လို့မီဒီယာတွေဖော်ပြချက်အရသိရပါတယ်။

တီာလ်ထန်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာကျင်းပတဲ့ TTF Challege 10 ပြိုင်ပွဲမှာ ဂျပန်ဖိုက်တာ နာအိုဂီအိုဒါ (Naoki Ueda) နဲ့ထိုးသတ်ခဲ့ပြီး ဒိုင်အမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *