Headlines

ကလေးမြို့နယ် ဆည်ကြီးရွာက စစ်ကောင်စီဂိတ်နားမှာ ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်

အောက်တိုဘာလ ၁၇ ရက်။

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် ဆည်ကြီးရွာက စစ်ကောင်စီဂိတ်နားမှာ ဒီကနေ့ အောက်တိုဘာလ (၁၇) ရက်နေ့ မနက်ပိုင်းမှာ ဒေသခံအမျိုးသားတစ်ဦး လမ်းဘေးအပေါ့သွားစဉ် စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိလို့ ခြေတစ်ဖက်ကျေမွကာပြတ်သွားကြောင်း ထိခိုက်ဒဏ်ရာရတဲ့အမျိုးသားကို ဆေးရုံမှာ ဆေးကုသထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့အဝင် ဆည်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ရှိပြီး ဂိတ်ကိုလည်းပိတ်ထားလေ့ရှိတာကြောင့် သူတို့ဂိတ်ဖွင့်ချိန်ကို စောင့်ရင်း ကလေးမြို့အနောက်မြောက်ဘက်က ဒေသခံအမျိုးသား တစ်ဦးဟာ ဆည်ကြီးတံတားနားက စစ်ကောင်စီစစ်ဆေးရေးဂိတ် အနီးအနားမှာဘဲ လမ်းဘေးအပေါ့သွားစဉ် မိုင်းနင်းမိတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့ ဒေသခံတစ်ဦးက “ဒီမနက် တာဟန်းဘက်သွားတဲ့ တစ်ယောက် ဆည်ကြီး တံတားနားရောက်တဲ့ချိန် သေးပေါက်ချင်လို့ လမ်းဘေးသွားတဲ့ချိန် စစ်ကောင်စီထောင်တဲ့ မိုင်းနင်းမိတယ် ဘယ်ခြေဖဝါးတစ်ဘက် ကျေမွသွားတယ် အခုဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကလေးမြို့အဝင် ဆည်ကြီးရွာမှာ စစ်ဆေးရေး ဂိတ်ထားရှိပြီး သူတို့ဂိတ်မဖွင့်မခြင်း ဒေသခံတွေက စောင့်ဆိုင်းရကာ ဂိတ်ဖွင့်ချိန်တွေမှသာ ဖြတ်သန်းသွားလာလို့ ရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *