Headlines

ကလေးမြို့က ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ တာဟန်းရပ်ကွက်တွေဘက်ကို စစ်ကောင်စီက အင်အားအများအပြားနဲ့ သန်းခေါင်စာရင်းကောက်ယူ

အောက်တိုဘာလ ၃၁ ရက်။

စစ်ကိုင်းတိုင်း ကလေးမြို့အနောက်ဘက်က ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ တာဟန်း၊တောင်ဖီလာ၊တောင်ဇလပ်ရပ်ကွက်တွေဘက်ကို စစ်ကောင်စီက အင်အားအများအပြားနဲ့ သန်းခေါင်စာရင်း ကောက်ယူခဲ့တဲ့ကြောင်း ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက“သန်းခေါင်စာရင်းကောက်တာက မြို့ပေါ်အရှေ့ပိုင်းတွေပြီးသွားလို့ ဟိုတနေ့က တာဟန်းဘက်ကို အင်အားအများကြီးနဲ့ ရဲတွေလည်းအများကြီးနဲ့ ကောက်တာတွေ့တယ် သွားလာတာတွေ့တယ် မြို့အရှေ့ပိုင်း မင်္ဂလာဥယာဉ်တို့ ညောင်ပင်သာတို့ ပင်လုံ၊ အောင်သစ္စာတို့ အောင်ဇေယျနဲ့ မြို့သာဘက်တွေလည်း ကောာက်တယ်” လို့ပြောပါတယ်။

အောက်တိုဘာလ (၁) ရက်နေ့ကစလို့ စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေမှာ သန်းခေါင်စာရင်းကောက်ယူတာတွေကို အောက်တိုဘာလ ၁၅ ရက်နေ့အထိကောက်ယူခဲ့ပေမယ့် အချိန်မှီမကောက်ယူနိုင်တာတွေ ရှိတာကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်တိုးကောက်နေတာလည်း ဖြစ်ပါတယ်။

ကလေးမြို့ပေါ် အရှေ့ဘက်ရပ်ကွက်တွေဖြစ်တဲ့ မင်္ဂလာဥယျာဉ်ရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ အောင်သစ္စာ၊ အောင်ဇေယျ၊ မြို့သာဘက်တွေကို အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ၁၅ ရက်အတွင်း ကောက်ယူတာတွေပြီးခဲ့တဲ့နောက် ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ ကလေးမြို့အနောက်ဘက် တာဟန်း၊ တောင်ဖီလာ၊ တောင်ဇလပ်နဲ့ အခြားရပ်ကွက်တွေမှာ ဆက်လက်ကောက်ယူနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *