Headlines

ကလေးမြို့နယ်မှာ ကာလတန်ဖိုး သိန်း ၆၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွေဖမ်းဆီးရမိ

ကာလတန်ဖိုး သိန်း ၆၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွ ရူးသွပ်ဆေးပြားတွေကို စက်တင်ဘာလ ၅ ရက်နေ့ညနေက စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် အိပ်စွတ်ကျေးရွာမှာ ဖမ်းမိတယ်လို့ မှုခင်းသတင်းတွေ ဖော်ပြတဲ့ Fifty Two News ကနေ သိရပါတယ်။ ကလေးမြို့နယ် အိပ်စွတ်ကျေးရွာ၊ ကွက်သစ်ရပ်ကွက် အမှတ် (၁) လမ်းနေ လောမ်ဆန်းဇွာလာ (ခ) လော်မာထံကနေ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ကပ်ခွာအိတ်ငယ် ၅၀ အိတ်၊ စိတ်ကြွရှုးသွပ်ဆေးပြား တစ်သောင်းပြားစီပါ အထုတ်ကြီး ၃ ထုပ် စုစုပေါင်းစိတ်ကြွရှုးသွပ်ဆေးပြား ၃ သောင်း ပြား ဖမ်းဆီးရမိတယ်လို့ ဆိုထားပါတယ်။ မူးယစ်ဆေးဝါးရောင်းတဲ့ လောမ်ဆန်းဇွာလာ (ခ) လော်မာထံကနေ ဖမ်းဆီးရမိတဲ့ စိတ်ကြွရှုးသွပ်ဆေးပြားတွေဟာ…

Read More

အသက် ၇ နှစ် နဲ့ ၅ နှစ်အရွယ် ချင်းညီအစ်မနှစ်ယောက်သီဆိုတဲ့ ကာဗာသီချင်း Facebook မှာ ကြည့်ရှုသူ ၆ သန်း ကျော်လာ

မလေးရှားနိုင်ငံမှာနေထိုင်တဲ့အသက် ၇ နှစ်အရွယ် ချင်းအမျိုးသမီးလေး Kimnu ဟာ သူမကိုယ်တိုင် Piano တီးခတ်ပြီး ညီမ ဖြစ်သူ ၅ နှစ်အရွယ် It-shwe နဲ့ အတူ ကမ္ဘာကျော်အဆိုတော် Lady Gaga သီဆို ထားတဲ့ Always Remember Us This way သီချင်းကို သူတို့ညီအစ်မ ကာဗာသီဆိုထားတဲ့သီချင်းဟာ Facebook မှာ ၂ ရက် အတွင်း ကြည့်ရှုသူ ၆ သန်း ကျော် လာပြီ ဖြစ်ပါတယ်။ Kimnu ဟာ သူမ ၄ နှစ်အရွယ် ကနေ စပြီး ဘုရားကျောင်း စင်မြင့်ပေါ်တွင် ဓမ္မ သီချင်းများ စတင် သီဆိုခဲ့ပြီး လက်ရှိမှာ‌ေတာ့ စန္ဒရား…

Read More

ကလေးမြို့မှ ဖလမ်း-ဟားခါး အတက် ကားခ ခရီးသည် ၁ ဦးအတွက် ကျပ် ၁ သိန်းအထိရှိလာ

ကလေးမြို့မှ ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်း-ဟားခါး အတက် ကားခ ခရီးသည် တစ်ဦး အတွက် ကားခ ကျပ် ၁ သိန်းအထိ ရှိလာကြောင်း ၊ကလေးမြို့မှ တီးတိန်မြို့ အတက်ကားခ ကျပ် ၈ သောင်းရှိလာကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရပါတယ်။ ကားခနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၃ ရက်နေ့ အထိ ကလေး-တီးတိန်-ဖလမ်း-ဟားခါး အကြားပြေးဆွဲနေတဲ့ ယာဉ်လိုင်းများကို မေးမြန်းချက်များ အရ ကလေး-ဟားခါး အတက် ခရီး အတွက် ကျပ် ၁ သိန်း (နောက်ခန်း ထိုင်ခုံများ အတွက် လျော့ဈေး ရှိ) အဆင်း ကျပ် ၈ သောင်း ရှိကြောင်း၊ ကလေး-ဖလမ်း အတက် ခရီး ကျပ် ၁…

Read More

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်Pu Lalduhoma က ချင်းအချင်းချင်းသွေးထွက်သံယိုမှုဖြစ်တဲ့အထိတိုက်ခိုက်တာတွေနောက်နောင်မဖြစ်ဖို့ပြောကြား

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က ချင်း အချင်းချင်းသွေးထွက်သံယိုမှုဖြစ်တဲ့အထိ တိုက်ခိုက်တာတွေ နောက်နောင်မဖြစ်ဖို့ ဆင်ခြင်ကြရအောင်လို့ ချင်းလူမျိုးအများစု နေထိုင်တဲ့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ချင်းလူထုနဲ့တွေ့ဆုံပွဲမှာ သူ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma “မျိုးနွယ်စုတူတွေဖြစ်ကြပြီးတော့ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိကြဘူး၊ တခါတလေမှာတောင် ညီအကိုအချင်းချင်း သွေးထွက်သံယိုမှုဖြစ်တဲ့အထိ တိုက်ခိုက်ကြတယ် တကယ်ကို ဝမ်းနည်းစရာကောင်းသလို ရှက်ဖို့လည်း ကောင်းပါတယ်၊ နောက်နောင် ဒီလိုမဖြစ်ဖို့ ဆင်ခြင်ကြရအောင်ပါ” လို့ ပြောပါတယ်။ အဆိုပါ အမေရိကန်နိုင်ငံက ချင်းလူထုနဲ့တွေ့ဆုံပွဲမှာ ချင်းလူထုစည်းလုံးညီညွှတ်ရေး အားကောင်းလာဖို့ လိုအပ်ကြောင်းမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma အဓိကထားပြီး ပြောခဲ့ပါတယ်။ ချင်းတော်လှန်ရေးအဖွဲ့တွေ အကြားပြန်လည်သင့်မြတ်ရေးဆောင်ရွက်နေတဲ့ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initative…

Read More

ကန်ပက်လက်မြို့အဝင်ကစစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ကိုရုတ်တရက်တွေ့ပြီး လန့်ပြီးပြန်လှည့်တဲ့သူ ပစ်သတ်ခံရ

ချင်းပြည်နယ်၊ကန်ပက်လက်မြို့အဝင်က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မြင်လို့ လန့်ပြီးပြန်လှည့်တဲ့ ပစ္စည်းရောင်းပို့ လုပ်တဲ့ ဆိုင်ကယ်ကယ်ရီ သမားတစ်ဦး မနေ့ စက်တင်ဘာလ ၄ ရက်နေ့က ပစ်သတ်ခံရတယ်လို့ ကန်ပက်လက်မြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။ ကန်ပက်လက်မြို့ခံတစ်ဦးက “နယ်ဘက်ကို ပစ္စည်းပို့ /ရောင်းပြီးပြန်လာကြတဲ့ လူနှစ်ယောက်ဟာ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ အပစ်ခံရတာတဲ့ သူတို့နှစ်ယောက်က ယောသားတွေလို့ပြောတယ် လမ်းအခြေအနေ မသိတော့ ဒီတိုင်းမောင်းလာရင်း စစ်တပ််ရဲ့ စစ်ဆေးရေးဂိတ်ကို တိုးမိ၊ မြင်မိတော့ လန့်ပြီး ပြန်လှည့်တော့ စစ်သားတွေကလည်း ပစ်လိုက်တာလို့ ပြောတယ်။အပစ်ခံရတာ မနေ့ညနေ ပိုင်းမှာ ပစ်ခံရတယ် အလောင်းကို ဒီမနက်ပိုင်းမှာ ထုတ်နိုင်ပြီလို့လည်း သိရတယ်” လို့ပြောပါတယ်။ နယ်ဘက်ကနေ ပစ္စည်းရောင်းပို့ လုပ်တဲ့ ဆိုင်ကယ်ကယ်ရီသမား နှစ်ဦးဟာ ဆိုင်ကယ်တစ်စီးလား နှစ်စီးလားတော့ မပြောကြပေမယ့် ပစ္စည်းပို့တာဖြစ်လို့ ဆိုင်ကယ်နှစ်စီးဖြစ်ဖို့များပြီး တစ်ဦးက ဒဏ်ရာရပြီး…

Read More

တော်လှန်ရေးဆိုင်ရာကိစ္စတွေကို ချင်းညီနောင်နဲ့ ပူးပေါင်းပြီး နိုင်ငံရေးကိစ္စကို (ICNCC)နဲ့ ပူးပေါင်းမယ်လို့ ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာညီလာခံမှဆုံးဖြတ်

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်အနေဖြင့် တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ချင်းညီနောင် (CB) နဲ့ အပြည့်အဝပူးပေါင်းပြီး နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကိုတော့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ ပူးပေါင်းရပ်တည်မယ်လို့ ကန်ပက်လက်မြို့နယ် လုံးဆိုင်ရာ ပြည်သူ့ညီလာခံမှာဆုံးဖြတ်ကြောင်း တတိယကြိမ်မြောက် ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာ ပြည်သူ့ညီလာခံထုတ်ပြန်ကြေညာချက်အရသိရပါတယ်။ တတိယကြိမ်မြောက် ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာ ပြည်သူ့ညီလာခံကို သြဂုတ်လ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံကို ကန်ပက်လက်မြို့နယ်ကောင်စီနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေ၊ ကန်ပက်လက်မြို့နယ်ရှိ မျိုးနွယ်စုကိုယ်စားလှယ်တွေ၊ ဒေသကိုယ်စားလှယ်တွေ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF – Kanpetlet)က တာဝန်ရှိသူတွေနဲ့ ပါဝင်သင့်ပါဝင်ထိုက် ပုဂ္ဂိုလ် စုစုပေါင်း (၈၉)ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ညီလာခံဆုံးဖြတ်ချက်အရ ကန်ပက်လက်မြို့နယ်အတွင်း ချင်းညီနောင် (CB) ၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့…

Read More

ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးကိုတရားစွဲဆိုဖို့ဆက်ကြိုးပမ်းသွားမယ့် ချင်းတိုင်းရင်းသားများ

ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးကိုစုံစမ်းစစ် ဆေးပေးရန် ချင်းတိုင်းရင်းသားများက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တရားရေးဌာနကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ တိုင်ကြားစာပေးပို့ပြီး တရားစွဲရန်လျှောက်ထားခဲ့ခြင်းကို တရားရုံးက ၂၀၂၄ ခုနှစ် မေလ မှာ ပယ်ချခဲ့ပါတယ်။ ဖိလစ်ပိုင်တရားရုံးဘက်ကတော့ ဒီရာဇဝတ်မှုဟာ ဖိလစ်ပိုင်နိုင်ငံအတွင်း ဖြစ်ပွားတာမဟုတ်ဘဲ တခြားနိုင်ငံမှာ ဖြစ်ပွားခဲ့တာကြောင့် အမှုကို ပယ်ချတာလို့ တိုင်ကြားစာပေးပို့သူတွေဆီကို အကြောင်းပြချက်ပေးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့( CHRO) တာဝန်ရှိသူက သတင်းမီဒီယာ တွေမှာ ဖြေကြားထားပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း လူပေါင်းအနည်းဆုံး ၂၅၀ သတ်ဖြတ်ခံခဲ့ရပြီး…

Read More

မတူပီမြို့မှာ မြို့ပေါ်အိမ်ကပစ္စည်းတွေကိုရွာဖက်သယ်တာကိုကန့်သတ်ထားကြောင်းသိရ

ချင်းပြည်နယ် မတူပီမြို့မှာ နေရပ်ပြန်လာပြီး ပစ္စည်းခိုးတာမျိုးတွေရှိခဲ့တာကြောင့် မြို့တွင်း ပြန်လာမယ့် သူတွေကို လက်ရှိအခြေအ​နေအရ မြို့ပေါ် အိမ်ကပစ္စည်းတွေကိုရွာဖက် သယ်တာမျိုးကိုကန့်သတ်ထားကြောင်း၊အိမ်စောင့်နိုင်တဲ့သူတွေကိုသာ ဦးစားပေးလက်ခံနေရကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) ကပြောရေးဆိုခွင့်ရှိသူ Ko Boi Uk ကပြောပါတယ်။ မတူပီမြို့ထဲခဏဝင်ပြီး အိမ်ရှင်းသလိုလိုနဲ့ ရပ်ကွက်ထဲမှာ ဘယ်သူ့ပစ္စည်းမှန်းမသိ ယူပြီး ရွာဖက်ကို အလုံးအရင်းသယ်သွားတာမျိုးတွေ ရှိခဲ့ပြီး ဒါမျိုး ထပ်မဖြစ်ရလေအောင် အတည်နေပြီးအိမ်စောင့်နိုင်တဲ့ သူတွေကို ဦးစားပေးဝင်ရောက်ခွင့်ပေးနေတယ်လို့ သိရပါတယ်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) ကပြောရေးဆိုခွင့်ရှိသူKo Boi Uk က“မြို့ထဲက ရပ်ကွက်တွေထဲသွားပြီး ပစ္စည်းယူတာမျိုး အစကရှိလို့ ကိုယ့်အိမ်မဟုတ်ရင် ဝင်ခွင့်မပေးဘူး၊ အိမ်မှာအတည်နေမယ်၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်ထဲ…

Read More

မဏိပူရ်အင်ဖာအကျဉ်းထောင်က မြန်မာစစ်ဘေးဒုက္ခသည်တွေ အစာငတ်ခံဆန္ဒပြတာ မခံနိုင်လို့ ယာယီရပ်နားတဲ့အချိန် ထောင်အာဏာပိုင်တွေရဲ့ခြိမ်းခြောက်တာခံရ

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်က မြန်မာစစ်ဘေးဒုက္ခသည်တွေ ဩဂုတ်လ ၂၆ ရက်ကစပြီးအစာငတ်ခံဆန္ဒပြန်ပြခဲ့ရာ ဆန္ဒပြ ဒုက္ခသည်တွေထဲက သက်ကြီးပိုင်းနဲ့ နာတာရှည်ရောဂါသည်တွေက လုံးဝမခံနိုင်တော့လို့ ဩဂုတ်လ ၃၀ မှာ အစာငတ်ခံ ဆန္ဒပြတာယာယီရပ်နားထားတဲ့အချိန်မှာအင်ဖာအကျဉ်းထောင်က ထောင်တာဝန်ရှိသူတွေက အကျဉ်းသား မြန်မာစစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီလက်ထဲ ပြန််လွှဲမယ်လို့ ခြိမ်းခြောက်တာမျိုးရှိတယ်လို့ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India for Myanmar က ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။ India for Myanmar က ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ဆန္ဒပြတာက သြဂုတ်လ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိလုပ်ပြီးတော့ ယာယီရပ်နားလိုက်တယ် ရပ်နားရတဲ့ အကြောင်းအရင်းက သက်ကြီးပိုင်းတွေနဲ့ နာတာရှည်ရောဂါသည်တွေက လုံးဝမခံနိုင်တော့လို့ ယာယီရပ်နားလိုက်တဲ့ သဘောပါ။ ဒါပေမယ့် လတိုင်းလတိုင်း…

Read More

မြေပြင်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ပြော

ရွေးကောက်ပွဲအတွက် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူသို့ပြောကြားသည့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ သန်းခေါင်စာရင်းကောက်ယူတာကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်အထိ ကောက်ယူမှာဖြစ်ပြီး စာရင်းကောက်ယူသူတွေကို ပြည်သူတွေအနေနဲ့ အချက်အလက် မှန်မှန်ကန်ကန် ဖြေကြဖို့ လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က “လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကို နိုင်ငံတကာ စံချိန်စံကိန်းနဲ့ ကောက်ယူဖို့ စီမံဆောင်ရွက်နေပါတယ် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းအဆင့်ဆင့်ကိုလည်း လွန်ခဲ့တဲ့ နှစ်တွေကစပြီး အားသွန်စိုက်ကြိုးပမ်းဆောင်ရွက်လာတာ…

Read More