Headlines

၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ ၃မြို့မှာသာ စစ် ကောင်စီကောက်နိုင်မယ့်သန်းခေါင်စာရင်းနဲ့ သန်း ခေါင်စာရင်း ကောက်ရင်း ဘာ တွေမေးမှာလဲ ??

မနက်ဖြန် အောက်တိုဘာလ ၁ ရက်က နေ ၁၅ ရက်အထိမြန်မာတနိုင်ငံလုံးမှာ လုံခြုံ ရေးအရ ကောက်ယူနိုင်တဲ့ ဒေသ တွေမှာ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည်လို့ အာဏာသိမ်းထားတဲ့စစ်ကောင်စီက ကြေညာထားပါတယ်။နိုင်ငံတဝန်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာ လည်း လုံခြုံရေးတိုးမြှင့်ပြီး အချိန် ၃ လ ထိယူကာ သန်းခေါင်းစာရင်း ကောက်ယူမှုတွေ လုပ်မယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင်က BBC မြန်မာပိုင်း ကို ဖြေကြားထားပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာလူဦးရေနှင့် အိမ်အကြောင်းအရာ မေးခွန်း (၆၈) ခုကို စာရင်းကောက်များက မေးမြန်းမည် ဖြစ်ကြောင်း သိရပါတယ်။ မေးမြန်းမယ့် မေးခွန်းများမှာ-အမည်၊ အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံ၊ ပြည့်ပြီးအသက်၊ မွေးသက္ကရာဇ် ရက်၊ လ၊ နှစ်၊ ကိုးကွယ်သည့်ဘာသာ၊ အိမ်တွင် အဓိကပြောဆိုကြသော ဘာသာ စကား၊ ကိုင်ဆောင်သည့် မှတ်ပုံတင်ကတ်ပြားအမျိုးအစား၊ အိမ်ထောင်ရေးအခြေအနေ၊ မွေးစာရင်း ရှိ/မရှိ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၊ ပညာရေးအကြောင်းအ ရာ၊လုပ်သားအင်အား အကြောင်းအရာ၊ အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ မွေးဖွားခြင်း အကြောင်းအရာ၊ မသန် စွမ်းမှု အကြောင်းအရာ၊ နေအိမ်အမျိုးအစား ပိုင်ဆိုင်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးပစ္စည်းများ၊ အိမ်ရှိအခန်းအရေအတွက်၊ အိပ်ခန်းအရေအတွက်၊ သောက်သုံး ရေရရှိမှု၊ အလင်းရောင်အတွက် မီးအသုံးပြုခြင်း၊ လောင်စာအသုံးပြုမှု၊ အိမ်သာအမျိုးအစားနှင့် မျှဝေသုံးစွဲမှု၊ အမှိုက်စွန့်ပစ်မှု၊ လက်ဆေးခြင်းအကြောင်းအရာ၊ လွန်ခဲ့သော (၁၂)လအတွင်း အိမ်ထောင်စုဝင်များထဲမှ ‌ေ-သဆုံးမှု စသည့်မေးခွန်းများ ပါဝင် ကြောင်းသိရပါတယ်။

ထို့ပြင် ပြည်ပရွှေ့ပြောင်းသွားလာခြင်းအကြောင်းအရာနှင့် ပတ်သက်၍ မေးမြန်းမှုရှိမည်ဖြစ်ပြီး မေးမြန်းရာမှာ တရားဝင်ဗီဇာဖြင့် သွားခြင်း/မသွားခြင်း၊ အောက်လမ်းမှ တရားမဝင်သွားခြင်း စသည်တို့ကို မေးမြန်းမည်မဟုတ်သလို အဓိကမေးမြန်းလိုသည့် အချက်သည် မည်သည့်နိုင်ငံတွင် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်နေသည်ကိုသာ သိလိုရင်း ဖြစ် ကြောင်း၊ထိုနည်းတူ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်းပုံစံ (၆/၆) သို့မဟုတ် ပုံစံ(၁၀) ရှိခြင်း၊ မရှိခြင်း နိုင်ငံသားစိစစ်‌ရေးကတ်ရှိခြင်း မရှိခြင်းနှင့် မသက်ဆိုင်ဘဲ အိမ်‌ထောင်စုတစ်စု စာရင်းကောက်ချိန် မိနစ် (၂၀) ဝန်းကျင် ကြာမြင့်မည် ဖြစ်ကြောင်း သိရပါတယ်။

၂၀၂၄ သန်း ခေါင်စာရင်း ကောက်ယူရာမှာ မေးတဲ့ မေးခွန်း တွေထဲမှာလွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၄ သန်း ခေါင်စာရင်း ကောက်ယူစဉ်က မေးမြန်းခဲ့တဲ့ယခင် “လူမျိုး” ဟု ဖြေဆိုရမည့် နေရာတွင် “အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား” ဟု ပြောင်းလဲလိုက် သလို၊ ယခင် ရွေ့ပြောင်းသွားလာမှု အခြေအနေ တွင်လည်း “ပြည်တွင်း၊ ပြည်ပ”ဆိုပြီး သတ်မှတ် ထားသလို “မွေးစာရင်း ရှိ၊ မရှိ” အခြေအနေများကို ပါ ထပ်တိုးမေးမြန်း သွားမယ် လို့ စစ် ကောင်စီကြိုတင်ထုတ်ပြန်ထားတဲ့အချက်အလက်များအရသိရပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းမှာသန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ကောက်ယူမည် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း တစ်သိန်း တစ်သောင်းခန့်ကို စာရင်းစစ်၊ စာရင်းကောက် လေးသောင်းနှစ်ထောင်ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားကြောင်း၊ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို Mobile Tablet များအသုံးပြုကာ တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ် ကြောင်းစစ် ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူတာကို ၂၀၁၄ ခုနှစ်၊ ဧပြီလမှာ နောက်ဆုံး ပြုလုပ်ခဲ့ပါ တယ်။ ဒါဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ် ကောက်ယူခဲ့တာပါ။မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တို့မှာကောက်ယူခဲ့ပြီး နောက် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း (၃၀)ကျော်ကြာ ၂၀၁၄ ခုနှစ်မှသာ အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ ပါတယ်။၂၀၁၄ ခုနှစ်ဆယ်နှစ်အကြာ ၂၀၂၄ မှာ အခုလို သန်းခေါင်စာရင်း နောက်ထပ်တကြိမ် ကောက်ယူဖို့ စစ်ကောင်စီဘက်က ကြိုးပမ်း လာတာ ဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရဆိုရင် တနိုင်ငံလုံးလူဦးရေက ၅၁ သန်းကျော် ဖြစ်ပါတယ်။အဲဒီအထဲက (လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း) ၃၅ သန်းကျော်ဟာ ကျေးလက်မှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ၂၀၁၄ မှာ လုံခြုံရေးနဲ့ တခြားအခြေအနေ အမျိုးမျိုးတို့ကြောင့် ကောက်ယူလို့ မရခဲ့တဲ့ လူဦးရေက ၁.၂သန်း ရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။၂၀၂၄ မှာ ကော မြန်မာနိုင်ငံမှာလုံခြုံ ရေးနဲ့တခြား အ ခြေ အ နေ အမျိူးမျိူး ကြောင့် သန်း ခေါင်စာရင်း ကောက်ယူလို့မရတဲ့ လူဦး ရေ ဘယ်နှစ်သန်းခန့် ရှိနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လွန်ခဲ့သည့် ၁၀ နှစ် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ၄၇၈၈၀၁ ဦးရှိကာ မြို့ပေါ်နေလူဦးရေ ၉၉၈၀၉ ဦး(၂၁ %)ရှိကာ ကျေးလက် နေလူဦးရေ ၃၇၈၉၉၁( ၇၉ %)ရှိပါတယ်၊ ချင်းပြည်နယ်က ပြည်သူအများစုဟာ မြို့ပေါ်မှာထက် ကျေးလက်မှာနေထိုင်သူအများစုဖြစ်ပါတယ်၊ ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ မြို့နယ် ၉ မြို့နယ် ရှိပြီး ကျေးရွာပေါင်း ၁၃၅၅ ကျေးရွာရှိပါတယ်၊ချင်းပြည်နယ်ရဲ့လူဦးရေအများစုဖြစ်တဲ့ ၃ သိန်း ၇ သောင်းကျော်ဟာ ကျေးရွာပေါင်း ၁၃၅၅ ရွာမှာနေထိုင်သူတွေဖြစ်ပါတယ်။ နောက်ဆုံး update လူဦးရေစာရင်းကို ၂၀၂၀ ခုနှစ်တုန်းက ချင်းပြည်နယ်အစိုးရက ချင်းပြည်နယ်မှာအိမ်ခြေ (၉၆,၆၉၆)၊ အိမ်ထောင်စု (၉၆,၄၈၄)၊ ကျား (၂၅၅,၅၉၂)ဦး၊ မ (၂၆၄,၄၄၀)ဦး၊ ပေါင်း (၅၂၀,၀၃၂) ဦး နေထိုင် ကြပါတယ်လို့ စာရင်းထုတ်ပြန်ထားပါတယ်။

၂၀၂၁ အာဏာသိမ်းပြီး နောက် ၃ နှစ် ကျော်ဝန်းကျင်မှာ၅ သိန်းဝန်းကျင်ရှိတဲ့ ချင်းပြည်နယ် လူဦးရေရဲ့ ထက်ဝက်နီးပါးလူ ၂ သိန်းခွဲခန့် ဟာ ပြည်တွင်းနဲ့အိမ်နီးချင်းနိုင်ငံတွေကို စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မရရှိတဲ့ ဆိုးဆိုးရွားရွား အခြေအနေဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့၂၀၂၄ ခုနှစ်ဇွန်လ ၃ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများ နှင့် တိုက်ပွဲများကြောင့် လူဦးရေ ၃ ဒသမ ၅ သန်း နီးပါးမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး အသက်ကယ်ဆယ်ရေး အထောက်အပံ့အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA) က စက်တင်ဘာလ ၂၇ ရက်ကထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မှာဘယ်လိုသန်းခေါင်စာရင်းကောက်မှာလဲ??

၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီ ၁ ရက် နေ့ မြန်မာနိုင်ငံမှာ စစ် အာဏာသိမ်းပြီး နောက် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ပထမဆုံးလှုပ်ရှားမှုဖြစ်တဲ့ အကြမ်းမဖက် အာဏာဖီဆန် ရေးလှုပ်ရှားမှု(CDM movement) မှာ ချင်းပြည်နယ်က ဝန်ထမ်း တွေဟာ တခြား ပြည်နယ်/တိုင်း ဒေသကြီးက ဝန်ထမ်း တွေထက် ရာခိုင်နှုန်းအားဖြင့် ဝန်ထမ်းအများဆုံးပါဝင်ခဲ့တဲ့ပြည်နယ်ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ၂၀၂၁ ခုနှစ် လက်နက်ကိုင် တော်လှန် ရေးစတင်ပြီး နောက်ပိုင်းမှာ ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ နယ် မြေတွေကို စစ် ကောင်စီက မထိန်းချုပ်နိုင် တော့ပါဘူး၊ တချို့မြို့ ပေါ် လောက် တွေမှာပဲ စစ် ကောင်စီက ဝန်ထမ်းလူအင်အားနည်းနည်းနဲ့ အုပ်ချုပ် ရေးလည်ပတ် နေတာဖြစ်ပါတယ်။

လက်ရှိအ ခြေ အ နေမှာဝေးလံခေါင်ပါးပြီး လူနေကျဲပါးတဲ့ ချင်းပြည်နယ်မှာ ရှိရင်းစွဲနယ် ၉ မြို့နယ်နဲ့ ကျေးရွာ ၁၃၅၅ ရွာရှိတဲ့အနက် ပလက်ဝ၊မတူပီ၊တွန်းဇံ၊ထန်တလန်၊မင်းတပ်၊ကန်ပလက်မြို့နယ် တွေကို တော်လှန် ရေးတပ်ဖွဲ့ တွေက ကြီးစိုးထားပြီဖြစ်တဲ့အတွက် ဟားခါး၊ဖလမ်း၊တီးတိန် ၃ မြို့နယ်ရဲ့မြို့ ပေါ် တွေမှာသာစစ် ကောင်စီကအုပ်စိုးနိုင် တော့တဲ့ အ ခြေ အ နေမှာ ဘယ်လိုလူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်မလဲဆိုတာ အထူးစိန်ခေါ်ချက် ဖြစ်နေပါတယ်။

ချင်းပြည်နယ်၊ ချင်းညီနောင် လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာမှာ ပူးပေါင်းပါဝင်တဲ့ မည်သည့်သူကိုမဆို ထိရောက်စွာအရေးယူမယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့ စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီလို အ ေခြ အ ေန မျိုးမှာ ချင်းပြည်နယ်မှာ၂၀၂၄ သန်းခေါင်စာရင်း ကောက်ယူရာမှာ စစ် ေကာင်စီစိုးမိုးထားနိုင်တဲ့ဟားခါး၊ဖလမ်း၊တီးတိန် ၃ မြို့မှာ စစ် ကောင်စီဟာ ဝန်ထမ်းလူအင်အားနည်းနည်းနဲ့သာ စစ်တပ်၊ရဲအင်အားဝန်းရံပြီးကောက်ယူဖွယ်ရှိပါတယ်။

၂၀၂၁ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးထဲ ရောက်သွားတဲ့ ချင်းလူငယ် ထောင်ချီ ရှိသလို မလုံခြုံမူနဲ့ အလုပ်အကိုင်ရှာဖွေလိုမူကြောင့် ချင်းပြည်နယ်ကနေ ရန်ကုန်မှာလာရောက် အခြေချ ပြောင်းရွှေ့ လာတဲ့ ချင်းလူ ငယ် ထောင်ချီရှိလာပါတယ်။နိုင်ငံအတွင်း အလုပ်လက်မဲ့ ပြဿနာတွေကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်သူ ချင်းလူငယ် ထောင်ချီ ရှိ လာပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၃ နှစ်အတွင်း ချင်းပြည်နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ချင်းလူမျိုး ၃၆ ဦး သေဆုံးခဲ့ရပြီး ၆၆ ဦး ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့ မှတ်တမ်းအရ သိရပါတယ်။

၂၀၂၁ နောက်ပိုင်း ချင်းပြည်သူ ၂ သိန်း ကျော်ဟာ ချင်းပြည်ကိုစွန့်ခွာပြီး စစ် ဘေးရှောင်ရင်းနယ် မြေသစ်ကို ပြောင်းရွေ့ခဲ့ရတယ်လို့ ချင်းအဖွဲ့အစည်း တွေကထုတ်ပြန်ထားပါတယ်။အဲ့ဒီအချက်အလက် ေတွက ချင်းအဖွဲ့အစည်း ေတွက ခန့်မှန်းထားတဲ့အချက်အလက်များသာဖြစ်ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက် နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲနောက်မှာ ချင်းပြည်နယ်မှာ လူဦးရေဘယ်လောက် နေထိုင်ကြပါသလဲ၊ ချင်းပြည်နယ်မှာအိမ်ခြေ ဘယ်လောက်ရှိပါသလဲ၊ အိမ် နဲ့ အ ဆောက်အဦး တွေဘယ် လောက်ပျက်ဆီးသွားသလဲ၊ ချင်းပြည်နယ်မှာ လူဘယ်နှစ်ဦး သေဆုံးပြီး လူဘယ်နှစ်ဦးထိခိုက်ဒဏ်ရာရပြီး လူဦးရေ ဘယ်လောက် လျော့သွားသလဲ ဆိုတဲ့ မေးခွန်းတွေသာ ကိုယ့်ကိုယ်ကို မေးမိရင်း ၂၀၂၁ မှာသာ စစ်တပ်က အာဏာ မသိမ်းခဲ့ရင်ကော လို့ တဖက်က ပြန် တွေးခဲ့မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *