Headlines

အိန္ဒိယအစိုးရက NUG အပါအဝင် ချင်း၊ရခိုင်နဲ့ ကချင်လက်နက်ကိုင်တွေကို ဆွေးနွေးပွဲ ဖိတ်ကြားထား

စက်တင်ဘာလ ၂၄ ရက်။

အိန္ဒိယအစိုးရက နယူးဒေလီမှာ နိုဝင်ဘာ လလယ်လောက်မှာ ကျင်းပမယ့် “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်” ဆွေးနွေးပွဲမှာ တက်ရောက်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ချင်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်တို့က တိုင်းရင်းသား လက်နက်အဖွဲ့တို့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံရေး အတိုက်ခံတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF), NUG, AA, KIA တို့ဟာ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ဒေသမှာ စစ်ရေးလှုပ်ရှားတဲ့ လက်နက်ကိုင်တွေလည်း ဖြစ်သလို အိန္ဒိယနိုင်ငံဟာ သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ တိုက်ပွဲပဠိပက္ခတွေ အပြင်းအထန်ဖြစ်ပွားနေလို့သူတို့ရဲ့ အခြေခံအဆောက်အဦး စီမံကိန်းတချို့တည်ရှိတဲ့ နယ်စပ်မှာ မတည်မငြိမ်ဖြစ်စေတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နေရပါတယ်။

အိန္ဒိယအစိုးရဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ချင်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်တို့က တိုင်းရင်းသား လက်နက်အဖွဲ့တို့ကို နိုဝင်ဘာ လလယ်လောက်မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ (S. Jaishankar) ပါဝင်တဲ့ အိန္ဒိဎ ကမ္ဘာ့ရေးရာကောင်စီ ( ICWA)က အစိုးရရန်ပုံငွေနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို ချင်းအမျိုးသားတပ်ဦး (CNF) ဘက်က ကိုယ်စားလှယ်စေလွှတ်သွားမှာ ဖြစ်တယ်လို့လည်း ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ဒုတိယဥက္ကဌ ဒေါက်တာ ရွှေခါးက မီဒီယာတချို့မှာ ဖြေကြားထားပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအနောက်ဘက်ပိုင်းမှာရှိတဲ့ ကုလားတန်ဆိပ်ကမ်းနဲ့ အဝေးပြေးလမ်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသလို အခြားအမြန်လမ်း စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ သုံးစွဲပြီး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *