Headlines

အသက် ၇ နှစ် နဲ့ ၅ နှစ်အရွယ် ချင်းညီအစ်မနှစ်ယောက်သီဆိုတဲ့ ကာဗာသီချင်း Facebook မှာ ကြည့်ရှုသူ ၆ သန်း ကျော်လာ

မလေးရှားနိုင်ငံမှာနေထိုင်တဲ့အသက် ၇ နှစ်အရွယ် ချင်းအမျိုးသမီးလေး Kimnu ဟာ သူမကိုယ်တိုင် Piano တီးခတ်ပြီး ညီမ ဖြစ်သူ ၅ နှစ်အရွယ် It-shwe နဲ့ အတူ ကမ္ဘာကျော်အဆိုတော် Lady Gaga သီဆို ထားတဲ့ Always Remember Us This way သီချင်းကို သူတို့ညီအစ်မ ကာဗာသီဆိုထားတဲ့သီချင်းဟာ Facebook မှာ ၂ ရက် အတွင်း ကြည့်ရှုသူ ၆ သန်း ကျော် လာပြီ ဖြစ်ပါတယ်။

Kimnu ဟာ သူမ ၄ နှစ်အရွယ် ကနေ စပြီး ဘုရားကျောင်း စင်မြင့်ပေါ်တွင် ဓမ္မ သီချင်းများ စတင် သီဆိုခဲ့ပြီး လက်ရှိမှာ‌ေတာ့ စန္ဒရား ကိုလည်း ကျွမ်းကျင်စွာ တီးခတ် နိုင်ပြီ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ လ အနည်းငယ်တုန်း ကလည်း နာမည်ကျော်သင်းအုပ်ဆရာ စံပီး နဲ့ အတူ ဓမ္မ သီချင်း သီဆို ခဲ့ကြပါတယ်။

Kim Nu တို့ညီအစ်မဟာ ချင်းတောင်ခြေ စစ်ကိုင်းတိုင်း ကလေးမြို့မှ မလေးရှား နိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်တဲ့ ချင်းလူမျိုးမိဘ နှစ်ပါး မှ မွေးဖွားလာတာဖြစ်ပြီး လက်ရှိမှာ မလေးရှားနိုင်ငံမှာနေထိုင်နေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *