Headlines

အချင်းချင်းကြားသဘောထားကွဲလွဲတာ နောက်နောင်ထပ်မဖြစ်ရန်သဘောတူတဲ့အချက်အပါဝင် အချက် ၅ ချက်ကို ICNCC နဲ့ Chinland Council တို့သဘောတူညီမှုရရှိကြောင်းထုတ်ပြန်

စက်တင်ဘာလ ၂၁ ရက်။

ညီအကို အချင်းချင်းကြားသဘောထားကွဲလွဲတာ နောက်နောင်ထပ်မဖြစ်ရန်သဘောတူတဲ့အချက်အပါဝင် အချက် ၅ ချက်ကို သဘောတူညီမှုရရှိခဲ့တယ်လို့ Zo Reunification Organization (ZORO) ဦးဆောင်မှုနဲ့ ပြုလုပ်တဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC / ချင်းညီနောင် CB အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး( CNF)/ Chinland Council တို့ ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ တွေ့ဆုံဆွေးေနွးပွဲရလဒ်ကို (ZORO) ကထုတ်ပြန်ပါတယ်။

ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်းလက်ခံကြပြီး၊ တိုင်းပြည်နှင့်လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့်အချိန်တွင် ညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သော သဘောတူညီချက်ထဲမှာ ဖော်ပြထားပါတယ်။

နောက်နောင်တွင်နှစ်ဖက်အဖွဲ့အစည်းများအကြားသဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့်ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် သဘောတူကြပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှတာဝန်ရှိသူများသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများပြုသွားရန်သဘောတူညီခဲ့ကြကြောင်း၊ဒါ့အပြင် ငြိမ်းချမ်းရေးကော်မတီတရပ်ထားရှိရန်လည်းလိုလားကြပြီး နောက်တစ်ကြိမ်ဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ကော်မတီတရပ်ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်ပါတယ်။

Zo Reunification Organization (ZORO) ဦးဆောင်မှုနဲ့ ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်မှာ ကျင်းပတဲ့ ပြုလုပ်တဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC / ချင်းညီနောင် CB အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး CNF /Chinland Council တွေ့ဆုံပွဲကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ် ZORO ဒုဥက္ကဌ ပူးလာလ်မွန်ပွီးယာ ပွန်သဲရုံးခန်းမှာ ကျင်းပခဲ့တယ်လို့ သိရပြီး ချင်းပြည်အစိုးရအဖွဲ့က ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုက္ကဌ ပူးထန်းနိန်းကီး တို့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila၊ ဆလိုင်းပီထာထန်းတို့ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *