Headlines

ဟားခါးမြို့မှာ Non-CDM သမားများကိုစစ်ကောင်စီလိုသဘောထားမှာဖြစ်ပြီး တွေ့တဲ့နေရာမှာ ပစ်ခတ်တော့မယ်လို့ CDF-Hakha က သတိပေးစာထုတ်ပြန်

စက်တင်ဘာလ ၂၄ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ CDM မလုပ်ပဲ စစ်ကောင်စီလုပ်ငန်းယန္တရား လည်ပတ်နိုင်အောင် သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ ကူညီပေးနေတဲ့ Non-CDM သမားများကို စစ်ကောင်စီလိုသဘောထားသွား မှာ ဖြစ်ပြီးတော့ တွေ့တဲ့နေရာတိုင်းမှာပစ်ခတ်သွားမယ်လို့ Chinland Defense Force – Hakha (CDF-Hakha) က စက်တင်ဘာလ ၂၃ ရက် ညပိုင်းမှာ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ ခုနှစ်စက်တင်ဘာလ ၂၃ ရက်မှာ ဟားခါးမြို့ရှိဌာနဆိုင်ရာအားလုံး က ဝန်ထမ်းတွေအကုန်လုံးကို စစ်ကောင်စီကအစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနည်းသင်တန်းပေးတယ်ဆိုတာသိရှိထားပါကြောင်း၊၂၀၂၂ ခုနှစ်၊ဇွန်လ ၁၆ ရက်မှာ စစ်ကောင်စီနဲ့အလုပ်တွဲလုပ်တဲ့ လူတွေအားလုံးကို စစ်ကောင်စီသဖွယ်သဘော ထားမယ်လို့ကြေညာချက်ထုတ်ပြန်ပြီးဖြစ်ပေမယ့် Non-CDM တွေကိုပစ်ခတ်ခြင်းမလုပ်ခဲ့ပါကြောင်း CDF-Hakha ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် ဒီတစ်ခေါက် သန်းခေါင်စာရင်းကောက်တဲ့ နေရာမှာပါဝင်သူများအားလုံးကို စစ်ကောင်စီလိုသဘောထားသွားမှာဖြစ်ပြီး တွေ့တဲ့နေရာတိုင်းမှာ ပစ်ခတ်သွားတော့မယ်လို့အသိပေးပါတယ် လို့ CDF-Hakha က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက လာမယ့် အောက်တိုဘာလ ၁ ရက်ကနေစပြီး ၁၅ ရက်အထိ၊ ၁၅ ရက်ကြာ တစ်နိုင်ငံလုံးအဆင့် လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမယ်လို့ တရားဝင်သတင်းထုတ်ပြန်ထား ပါတယ်။

၂၀၂၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကို ဟားခါး၊ဖလမ်း၊တီးတိန် မြို့ ၃ မြို့က မြို့ပေါ်နေရာတွေက လွဲပြီးစစ် ေကာင်စီအုပ်ချုပ်မှု ယန္တရား လည်ပတ်နိုင်ခြင်း မရှိတော့တဲ့ချင်းပြည်နယ်မှာ မည်သည့် ပုံစံဖြင့် ကောက်ယူမည်ကိုမသိရသေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *