Headlines

ရေကြီးရေလျှံမှုကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၄၀၀ နီးပါးရှိပြီဖြစ်ကာ၊၈၉ ဦးပျောက်ဆုံးလျက်ရှိ ကြောင်း စစ်ကောင်စီထပ်မံထုတ်ပြန်

စက်တင်ဘာလ ၂၂ ရက်။

ရေကြီးရေလျှံမှုကြောင့် တိုင်းနှင့်ပြည်နယ် ၉ ခုရှိ ၅၄ မြို့နယ်မှာ ရေဘေးဒုက္ခကြုံတွေ့ခဲ့ပြီး သေဆုံးသူဦးရေ ၃၈၄ ဦး ရှိပြီဖြစ်ကာ၊၈၉ ဦးပျောက်ဆုံးလျက်ရှိကြောင်းအာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာ ၂၁ ရက်မှာ ထပ်မံသတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၁ ရက် စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရ ရေဘေးကြောင့် သေဆုံးသူများမှာ နေပြည်တော်မှ ၁၆၄ ဦး၊မန္တလေးတိုင်းမှ ၁၃၄ ဦး၊ရှမ်းပြည်နယ်မှ ၇၈ ဦး၊ကရင်ပြည်နယ်မှငါးဦး၊ ပဲခူးတိုင်းမှနှစ်ဦး၊ ဧရာဝတီတိုင်းမှတစ်ဦးဖြစ်ကြောင်း၊အဆောက်အဦး စုစုပေါင်း ၁၄၁၆၂၇ လုံးပျက်စီးခဲ့ကြောင်းသိရပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ယမန်နေ့ (စက်တင်ဘာ ၂၁ ရက်)ထိစာရင်းများအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)နှင့် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ် ၆၅ မြို့နယ်မှာ နေရပ်စွန့်ခွာသူများ အပါအဝင် ခန့်မှန်းခြေလူဦးရေ ၉ သိန်းနီးပါး (၈၈၇,၀၀၀ ခန့် )ရေဘေးသင့်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *