Headlines

ရခိုင်ပြည်နယ်ကချင်းလူမျိုးတွေ နေထိုင်တဲ့ ရွာတွေမှာ ရေဘေးကြောင့် လူ ၁ ဦး သေဆုံး၊လူနေအိမ် ၂၃၀ ဝန်းကျင်ပျက်စီးသွားကာဒေသခံပြည်သူ၃ ထောင်ခန့် အရေးပေါ် အကူအညီလိုအပ်နေ

စက်တင်ဘာလ ၁၉ ရက်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က ချင်းလူမျိုးတွေ နေထိုင်တဲ့ ရွာတွေမှာ ရေဘေး ကြောင့် လူ ၁ ဦး သေဆုံးကာ လူနေ အိမ် ၂၃၀ ဝန်းကျင်ပျက်စီးသွားပြီး ဒေသခံပြည်သူ၃ ထောင်ခန့် အရေးပေါ် အကူအညီလိုအပ် နေ ကြောင်း ယင်း ဒေသက ဒေသခံတွေဆီကသိရပါတယ်။

ရာဂီမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ စက်တင်ဘာလ ၁၄ ရက်ကမင်းပြားမြို့နယ်ကမင်းကူးလမ်းကျေးရွာအုပ်စုထဲက ချင်းလူမျိုး တွေ နေထိုင်တဲ့ကိုင်းကြီး၊ ကျေးမကြီး၊ ကျေးမချေ၊ ပြင်ဝ၊ ပြင်ချောင်း၊ သရက်အုပ် စတဲ့ကျေးရွာတွေ အပါအဝင် ရွာ ၁၃ ရွာ ရေဘေးကြုံခဲ့ရကာ အမျိုးသား ၁ ဦး ရေစီးနဲ့ မျောပါ သေဆုံး ကြောင်း၊ချင်းကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၂၃၀ ဝန်းကျင်မှာ ရေထဲမျောပါပျက်စီးသွားကြောင်း၊ ဒေသခံပြည်သူ ၃ ထောင်ခန့် အ ရေး ပေါ်အကူအညီလိုအပ် နေ ကြောင်းသိရပါတယ်။

ကျေးမကြီးကျေးရွာက အမျိုးသားတစ်ယောက်ရေစီးနဲ့မျောပါသေဆုံးသွားတာဖြစ်ပြီး အဲဒီကျေးရွာတွေမှာ စစ်ဘေးရှောင်တွေလည်း နေထိုင်ခိုလှုံနေကြတာလို့သိရပါတယ်။

ချင်းကျေးရွာ ၁၃ ရွာမှာ အိမ်ခြေပေါင်း ၈၀၀ ခန့်ရှိ ကြောင်းသိရကာ ရေ ဘေး ကြောင့်ပျက်စီးခဲ့ရတဲ့ ကျေးရွာ ၁၃ ရွာကို အခုအချိန်အထိ ဘာအကူအညီမှမရသေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *