ရွေးကောက်ပွဲအတွက် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူသို့ပြောကြားသည့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
သန်းခေါင်စာရင်းကောက်ယူတာကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်အထိ ကောက်ယူမှာဖြစ်ပြီး စာရင်းကောက်ယူသူတွေကို ပြည်သူတွေအနေနဲ့ အချက်အလက် မှန်မှန်ကန်ကန် ဖြေကြဖို့ လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က “လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကို နိုင်ငံတကာ စံချိန်စံကိန်းနဲ့ ကောက်ယူဖို့ စီမံဆောင်ရွက်နေပါတယ် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းအဆင့်ဆင့်ကိုလည်း လွန်ခဲ့တဲ့ နှစ်တွေကစပြီး အားသွန်စိုက်ကြိုးပမ်းဆောင်ရွက်လာတာ လက်ရှိချိန်မှာ မြေပြင်ကွင်းဆင််း စာရင်းကောက်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်” လို့ပြောပါတယ်။
လက်ရှိတစ်နိုင်ငံလုံးရဲ့ မြို့နယ်ပေါင်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်နေပြီး မြို့ပေါင်း ၇၀ ကျော်လက်လွှတ်ထားရတဲ့ စစ်ကောင်စီက သူတို့ထိိန်းချုပ်နိုင်တဲ့ နေရာတွေမှာပဲ သန်းခါင်စာရင်းကောက်ယူဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုကောက်ယူတော့မယ့် သန်းခေါင်စာရင်းကရလာတဲ့ အချက်အလက်တွေကို အခြေခံပြီး ၂၀၂၅ ခုနှစ်မှာ စစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအတွက်မဲစာရင်းတွေကို ပြုစုသွားမှာလည်း ဖြစ်ပါတယ်။