Headlines

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ကိုထန်ကျင့်မန် နှလုံးအမောဖောက်ပြီး ကွယ်လွန်

စက်တင်ဘာလ ၁၈ ရက်။

မြန်မာ့လက်ရွေးစင်ဘောလုံး သမားနှင့် သစ်တောဝန်ကြီးဌာန အသင်းကစား သမားဟောင်း၊ ၂၀၁၄-၁၅ ခုနှစ်က Chin United Football Club ၏ လူငယ်နည်းပြ အဖြစ် ဆောင်ရွက်ခဲ့တဲ့ Ko Cii Mang ခေါ် Thang Cin Mang(ထန်ကျင့်မန်) အသက် ၅၁ နှစ် ဟာ ချင်းပြည်နယ် ၊တီးတိန်မြို့နယ် ဆိုင်းဇန်ရွာ မှာ စက်တင်ဘာလ ၁၅ ရက်နေ့ မနက်မှာ နှလုံး အမောဖောက်ပြီး ရုတ်တရက် ကွယ်လွန် သွားကြောင်းသိရှိရပါတယ်။

ကိုထန်ကျင့်မန်ဟာ ၁၉၉၂- ၉၃ ပညာသင်နှစ်၊ တောင်ကြီး ကျောင်းသား အားကစား ပွဲတော်မှာ ချင်းပြည်နယ် လက်ရွေးစင် အဖြစ် ပါဝင်ခဲ့ပြီး ပြည်နယ် အတွက် တတိယဆု ကို လည်းကောင်း၊ ၁၉၉၇-၉၈ ပညာသင်နှစ် ဟားခါး ကျောင်းသားအားကစားပွဲတော်မှာ ဒုတိယဆုကို လည်းကောင်း ရရှိခဲ့ကြောင်း၊ ဟားခါး အားကစား ပွဲတော် အပြီးတွင် အောင်ဆန်း လူငယ် အဖြစ် ရွေးချယ် ထားသော အယောက် ၃၀ တွင် ပါဝင်ခဲ့ပြီး နိုင်ငံတော်မှ စခန်းသွင်း သင်တန်း ပေးလာခဲ့ကြောင်း၊ ယင်းမှ တဆင့် သစ်တော ဝန်ကြီးဌာန အသင်း အတွက် အဆင့်မြင့်တန်းမှာ ကစားခွင့် ရခဲ့ကြောင်း၊ အစပိုင်းမှာ သူဟာ ရှေ့တန်းမှာ ကစားခဲ့ ပေမယ့် ပရို အဖြစ် ကစားရာတွင် ကွင်းလယ်မှာ ကစား ဖြစ်ကြောင်း၊ ၁၉၉၉ ကနေ ၂၀၀၃ အထိ မြန်မာ့လက်ရွေးစင်အဖြစ်ပါဝင်ခဲ့ကြောင်းသိရပါတယ်။

၂၀၀၃ ခုနှစ်မှာ လက်ရွေးစင် ဘောလုံး အသင်း ကနေ ရပ်နားခဲ့ကြောင်း သစ်တောဝန်ကြီး ဌာန အတွက် ၂၀၀၆ အထိ ကစားပြီးနောက် ကစား သမား ဘဝမှ အနားယူကာ ဌာန ဝန်ထမ်း အဖြစ် လုပ်ကိုင်ကြောင်း၊ ၂၀၁၄-၂၀၁၅ တွင် CUFC အသင်း၏ လူငယ် ဘောလုံး နည်းပြချုပ် အဖြစ် ဆောင်ရွက်ခဲ့ကြောင်း Ko Cii Mang ၏ အင်တာဗျူးများ အရ သိရှိခဲ့ရပါတယ်။

U Thang Cin Mang ဟာ အဘ ဦး ဝုန်ခင်းထန် နှင့် အမိ ဒေါ် လှိုင် (ကရင်) တို့မှ ၁၉၇၄ မတ်လ ၂၇ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သူ ကွယ်လွန်ချိန်မှာ ဇနီးနဲ့သား၁ယောက်၊သမီး၁ယောက်ကျန်ရစ်ခဲ့ကြောင်းသိရှိရပါတယ်။ သူရဲ့ ရုပ် အလောင်းကိုတော့ တီးတိန်မြို့နယ် ဆိုင်းဇန်ရွာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းမှာ ဂူသွင်း သင်္ဂြိုလ် ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *