Headlines

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်Pu Lalduhoma က ချင်းအချင်းချင်းသွေးထွက်သံယိုမှုဖြစ်တဲ့အထိတိုက်ခိုက်တာတွေနောက်နောင်မဖြစ်ဖို့ပြောကြား

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က ချင်း အချင်းချင်းသွေးထွက်သံယိုမှုဖြစ်တဲ့အထိ တိုက်ခိုက်တာတွေ နောက်နောင်မဖြစ်ဖို့ ဆင်ခြင်ကြရအောင်လို့ ချင်းလူမျိုးအများစု နေထိုင်တဲ့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ချင်းလူထုနဲ့တွေ့ဆုံပွဲမှာ သူ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma “မျိုးနွယ်စုတူတွေဖြစ်ကြပြီးတော့ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိကြဘူး၊ တခါတလေမှာတောင် ညီအကိုအချင်းချင်း သွေးထွက်သံယိုမှုဖြစ်တဲ့အထိ တိုက်ခိုက်ကြတယ် တကယ်ကို ဝမ်းနည်းစရာကောင်းသလို ရှက်ဖို့လည်း ကောင်းပါတယ်၊ နောက်နောင် ဒီလိုမဖြစ်ဖို့ ဆင်ခြင်ကြရအောင်ပါ” လို့ ပြောပါတယ်။

အဆိုပါ အမေရိကန်နိုင်ငံက ချင်းလူထုနဲ့တွေ့ဆုံပွဲမှာ ချင်းလူထုစည်းလုံးညီညွှတ်ရေး အားကောင်းလာဖို့ လိုအပ်ကြောင်းမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma အဓိကထားပြီး ပြောခဲ့ပါတယ်။

ချင်းတော်လှန်ရေးအဖွဲ့တွေ အကြားပြန်လည်သင့်မြတ်ရေးဆောင်ရွက်နေတဲ့ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initative (CMI) အဖွဲ့နဲ့ မကြာခင် ဒီလကုန်ပိုင်းမှာတွေ့ဆုံဖို့ ရှိတဲ့အ ကြောင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ချင်းလူထု တွေ့ဆုံပွဲမှာ သူ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က “ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initative (CMI) အဖွဲ့အစည်းကလည်း အိန္ဒိယအစိုးရရဲ့ အသိမှတ်ပြုမှုနဲ့အတူ ချင်းညီညွှတ်ရေးအတွက်ကြားဝင်ဆောင်ရွက်ပေးနေပြီး ယခုလကုန်ပိုင်းမှာ CMI နဲ့တွေ့ဆုံဖို့ နယူးဒေလီကို ခရီးသွားဖို့ရှိတယ်လို့” ပြောပါတယ်။

ချင်း-မီဇိုး-ကူကီ လူမျိုးနွယ်စုများဟာ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ် အလာ၊ ဘာသာစကား၊ ပွဲတော်၊ သီချင်း ပုံပြင် စသည်တို့ကိုကြည့်ခြင်းအားဖြင့် ဆင်းသက်လာရာတူညီသော တအူတုံဆင်းညီရင်းအကိုများဖြစ်ကြပြီး ပိုင်းခြား၍မရသော လူမျိုးများဖြစ်ကြောင်း ၊အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် ၃ နိုင်ငံမှာ တကွဲတပြားစီ နေထိုင်ကြရတဲ့ မိမိတို့လူမျိုးများ တနေ့နေ့ တချိန်ချိန်မှာ အုပ်ချုပ်မှုတစ်ခုအောက်မှာပြန်လည်နေထိုင်နိုင်မယ်လို့မျှော်လင့်ကြောင်းလည်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ချင်းလူထုနဲ့တွေ့ဆုံပွဲမှာပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ဟာ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့က ချင်းလူထုနဲ့ တွေဆုံခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း တိုက်ပွဲပဠိပက္ခတွေကြောင့် ချင်းပြည်နယ်က ချင်းလူမျိုး ၅ သောင်းခန့်ဟာ နယ်နမိတ်ထိစပ်တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ဆီကို ထွက်ပြေးတိိမ်းရှောင်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *