Headlines

မလေးရှားက ကုလ(UN )ရုံးရှေ့မှာ ချင်းဒုက္ခသည်တွေနဲ့ CDM ဝန်ထမ်းတွေက UN က စောင့်ရှောက်မှုအမြန်ဆုံးပေးဖို့ ဆန္ဒပြတောင်းဆို

စက်တင်ဘာလ ၂၆ ရက်။

မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးဒုက္ခသည်တွေနဲ့ CDM ဝန်ထမ်းတွေကို ကုလ (UN) ရဲ့စောင့်ရှောက်မှု အမြန်ဆုံး ေပးဖို့အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ကုလ(UNHCR )ရုံးရှေ့မှာ ချင်းဒုက္ခသည်တွေက ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြတဲ့အထဲပါဝင်သူ တစ်ဦးက “ဆန္ဒပြတဲ့ထဲမှာ CDM တွေရောဒုက္ခသည်တွေလည်းပါတာပေါ့နော် အကုန်လုံး ၃ ရာကျော်နည်းပါး လောက်ရှိမယ်။ အဓိကတော့ စစ်အာဏာသိမ်းပြီးနောက်ပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ တိုက်ပွဲကြောင့် CDM သမားတွေ ချင်းပြည်သူတွေက မလေးရှားကို တရားမဝင်လမ်းကြောင်းကနေ အများဆုံးရောက်လာတယ် မလေးရှား ရောက်နေတဲ့ CDM သမားနဲ့ဒီအရပ်သားစစ်ပြေးဒုက္ခသည်တွေက UN ရဲ့စောင့်ရှောက်မှုမရကြဘူးပေါ့နော် အဲဒါ UN ရဲ့ ေစာင့်ရှောက်မှုအမြန်ဆုံးရရှိဖို့ တောင်းဆိုတာဖြစ်တယ်” လို့ Chin World Media ကိုပြောပါတယ်။

တောင်းဆိုတဲ့ထဲမှာ ဒုက္ခသည်တွေကို လုံခြုံရေးအစောင့်တွေက ရိုင်းစိုင်းကြမ်းတမ်းစွာ ဆက်ဆံတာတွေ အဆုံးသတ်ဖို့ အထင်သေး၊ ခွဲခြားဆက်ဆံခြင်းမပြုဘဲ ဒုက္ခသည်တွေကို ကောင်းမွန်စွာဆက်ဆံပေးရန် နှင့် ၂၀၁၈ ခုနှစ်အတွင်း ချင်းဒုက္ခသည်တွေအပေါ် ကဒ်ရပ်ဆိုင်းရေးမှုဝါဒကာလအတွင်း UNHCR ကဒ်တွေ မတရားသိမ်းဆည်းခံခဲ့ရတဲ့ ချင်းဒုက္ခသည်တွေကို တိုက်ရိုက်ဝင်ရောက်ခွင့်ပြုရန် စတဲ့ အချက်တွေကိုလည်း တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆန္ဒထုတ်ဖော်ခြင်းကို ACR , CRC နဲ့ အခြား ချင်းလူမျိုးစုအဖွဲ့အစည်းတွေက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာလို့လည်း သိရပါတယ်။

မလေးရှားနိုင်ငံက မြန်မာရွှေ့ပြောင်းလုပ်သမားတွေကို မလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးတာ ၊ငွေညစ်တာစတဲ့ နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်နေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ နေရာဒေသအနှံ့က စစ်ဘေးဒုက္ခသည်များစွာ၊ CDM ဝန်ထမ်းများစွာနဲ့ လူငယ်အများစုဟာ မလေးရှားနိုင်ငံကို တရားဝင်ရော၊ တရားမဝင်တဲ့လမ်းကြောင်းကပါသွားရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *