Headlines

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးချဉ်းကပ်မှု သဘောတူညီချက် ၄ ချက်ချမှတ်နိုင်ခဲ့ ကြောင်းချင်းအမျိုးသားတပ်ဦး (CNF)အပါအဝင် တိုင်းရင်းသားအဖွဲ့(၉) ဖွဲ့ကထုတ်ပြန်

စက်တင်ဘာလ ၁၉ ရက်။

တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့ အစည်းတွေ၊ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများမှ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည် ဆောက် ရေးအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများကိုအကြိမ်ကြိမ်ကျင်းပပြုလုပ်ခဲ့ကြရာ အဆိုပါညှိနှိုင်းမှုများမှတဆင့်ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom up Federalism ) ချဉ်းကပ်မှုနှင့်စပ်လျဉ်းပြီး သ ဘောတူညီချက် ၄ ချက်ချမှတ်နိုင်ခဲ့ ကြောင်းချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့ အစည်းတွေ၊ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီ အဖွဲ့ (၉) ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး နှင့်စပ်လျဉ်းပြီး တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းတွေ ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီ အဖွဲ့ (၉) ဖွဲ့က ရှေ့လုပ်ငန်းစဉ်နဲ့ သဘောတူညီချက် (၄) ခု ချမှတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပထမအချက်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်၍ မိမိတို့ ပြည်နယ်/ လူမျိုး ကိုယ်စားပြုကောင်စီတွေ တိုင်းရင်းသားခုခံ တော်လှန်ရေးအဖွဲ့အစည်းများမှ အတူတကွ တည်ဆောက်သွားမယ်လို့ဆိုထားပြီး ဒုတိယအချက်အနေနဲ့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို အောက်ပါ အ ခြေခံမှုများနှင့်အညီ …..

(က) အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ၎င်း ပြည်နယ် / ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူလူထုများဖြစ်သည်။

(ခ) ပြည်နယ်/ဖက်ဒရယ်ယူနစ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံသည်။

(ဂ) အချုပ်အခြာအာဏာ၊ သွေးစည်းညီညွှတ်မှု၊ လူထုနှင့် အနီးကပ်ဆုံးအာဏာနှင့် အချိုးကျမှု အခြေခံမှုများအတိုင်း လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်းကို ဆောင်ရွက်မည်။

တည်ဆောက်သွားမည်လို့ ထုတ်ပြန်ထားပါတယ်။

တတိယအနေနဲ့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို တော်လှန်ရေးအင်အားစုတွေအကြား ဆက်လက်ညှိနှိုင်းအကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေ ဆွေးနွေးချမှတ်ခဲ့တယ်လို့ ဆိုထားပြီး နောက်ဆုံးအနေနဲ့ သဘောတူညီချက်နှင့် လုပ်ငန်းစဉ်တွေကို မိမိတိုင်းရင်းသားခုခံ တော်လှန်ရေးအဖွဲ့အစည်း၊ ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီ အဖွဲ့ (၉) ဖွဲ့က အတူတကွ လက်တွဲအကောင်အထည်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး နှင့်စပ်လျဉ်းပြီး တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းတွေ၊ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီ အဖွဲ့ (၉) ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည်အတိုင်ပင်ခံေကာင်စီ(KSCC)၊ပအိုင်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၊မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP – AD) ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအောင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့က ပူးတွဲပြီးထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *