Headlines

ချင်းလူငယ်ဖိုက်တာ Joshua Van မက္ကဆီကိုဖိုက်တာ Edgar Chairez ကို အနိုင်ရ

အမေရိကန်ပြည်ထောင်စု၊ လာစ်ဗီးဂတ်စ် မှာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ UFC: 306 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ မက္ကဆီကိုဖိုက်တာ Edgar Chairez ကို တတိယအချီအထိ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒိုင်အမှတ်နဲ့အနိုင်ရသွားပါတယ်။

မက္ကဆီကိုဖိုက်တာ Edgar Chairez ဟာဒီကနေ့ ကျင်းပတဲ့ UFC : 306 ပြိုင်ပွဲမှာ Kevin Borjas နဲ့ထိုးသတ်မည်ဖြစ်ကြောင်းကနဦးကြေငြာခဲ့ပေမယ့် Kevin Borjas နှုတ်ထွက်သွားတာကြောင့် Joshua Van နဲ့ ပွဲဲတည်ပေးလိုက်တာဖြစ်ပါတယ်။

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ Edgar Chairez ဟာ ပြိုင်ပွဲပေါင်း (၁၆) ပွဲထိုးသတ်ထားပြီး (၁၁)ပွဲနိုင်၊ (၅)ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားသူဖြစ်ပြီး Joshua Van ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်မှာ ထိုးသတ်ခဲ့တဲ့ ချာလ်းဂျွန်ဆင်နဲ့ ပွဲမှာ အလဲထိုးနဲ့ရှုံးနိမ့်ခဲ့ရာကနေ ယခု မက္ကဆီကိုဖိုက်တာ Edgar Chairez ကိုအနိုင်ရထိုးသတ်နိုင်ခဲ့အတွက် သူ့ရဲ့ UFC ပြိုင်ပွဲ ၅ ပွဲမှာ ၄ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့် မှတ်တမ်းရရှိသွားပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *