Headlines

ချင်းပြည်နယ်မှာမိုးများပြီး မြေပြိုတာတွေ ဖြစ်နိုင်တဲ့ သဘောဝဘေးအန္တရယ်ရှိနိုင်တယ်လို့ မိုးဇလ သတိပေး

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာဖြစ်ပေါ် နေတဲ့ လေပွေလှိုင်းကြောင့် ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် (၄)ခုမှာ မိုးများပြီး မြေပြိုတာ၊ ရေကြီး၊ ရေလျှံတာတွေ ကြိုတင်သတိပြုဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

လေပွေလှိုင်းက အနောက်-အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့မှာ ဆက်လက်တည်ရှိနေပြီး အဆိုပါ လေပွေလှိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းတာ နဲ့အတူ လေပြင်းတိုက်ခိုက်တာ၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်း စတဲ့ သဘောဝဘေး အန္တရာယ်တွေ ဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးနေထိုင်ကြတဲ့ သူတွေအနေနဲ့ မြေပြိုမှု အန္တရယ်ရှိတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ကြိုတင်သတိပြုနိုင်ကြရန်နှင့် နှိုးဆော်အသိပေးအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်အပါအဝင် ရှမ်း၊ ကရင်၊ မွန် ပြည်နယ်တွေမှာ ရေကြီးရေလျံမှုတွေဖြစ်နေပြီး ဒေသခံလူထောင်ချီဟာလည်း သဘောဝဘေးအန္တရယ်ကြောင့် အကူအညီတွေ လိုအပ်နေကြကြောင်းလည်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *