စက်တင်ဘာလ ၁၈ ရက်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC)ရဲ့ အလှည့်ကျသဘာပတိ Dr. Kenton(ZFU) နဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတို့ တွေ့ဆုံခဲ့ပြီး ချင်းပြည်အရေးကိစ္စတွေ အကျယ်တဝံံ့ဆွေးနွေးခဲ့တယ်လို့ ICNCC ရဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လာမည့် စက်တင်ဘာလ ၂၁ ရက်နေ့မှာလည်း ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုသံအမတ်အဖြစ် ကုလသမဂ္ဂ(UN )က တရားဝင်အသိမှတ်ပြု ကြေညာဖို့ ဖိအားပေး ဝိုင်းဝန်းလှုံ့ဆော်တောင်းဆို စုရုံးဆန္ဒထုတ်ဖော်ပွဲမှာလည်း Dr. Kenton လည်း ပါဝင်ထောက်ခံတောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး ICNCC ကို Chin World Media ကမေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်မရခဲ့ပါ။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ချင်းပြည်နဲ့ ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းတွေကို ဦးစီးဆောင်ရွက်ဖို့ အတွက် ချင်းလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေပူးပေါင်းပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) က ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ မှာ ICNCC ကနေ နှုတ်ထွက်ခဲ့ပြီးနောက် Chinland Council ကို ဦးဆောင်တည်ထောင်ခဲ့ပါတယ်။
လက်ရှိ (ICNCC) မှာ ချင်းလက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ဆက်လက်လက်တွဲပါဝင်နေပါတယ်။