ကလေးမြို့နယ်မှာ ကာလတန်ဖိုး သိန်း ၆၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွေဖမ်းဆီးရမိ

ကာလတန်ဖိုး သိန်း ၆၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွ ရူးသွပ်ဆေးပြားတွေကို စက်တင်ဘာလ ၅ ရက်နေ့ညနေက စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် အိပ်စွတ်ကျေးရွာမှာ ဖမ်းမိတယ်လို့ မှုခင်းသတင်းတွေ ဖော်ပြတဲ့ Fifty Two News ကနေ သိရပါတယ်။

ကလေးမြို့နယ် အိပ်စွတ်ကျေးရွာ၊ ကွက်သစ်ရပ်ကွက် အမှတ် (၁) လမ်းနေ လောမ်ဆန်းဇွာလာ (ခ) လော်မာထံကနေ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ကပ်ခွာအိတ်ငယ် ၅၀ အိတ်၊ စိတ်ကြွရှုးသွပ်ဆေးပြား တစ်သောင်းပြားစီပါ အထုတ်ကြီး ၃ ထုပ် စုစုပေါင်းစိတ်ကြွရှုးသွပ်ဆေးပြား ၃ သောင်း ပြား ဖမ်းဆီးရမိတယ်လို့ ဆိုထားပါတယ်။

မူးယစ်ဆေးဝါးရောင်းတဲ့ လောမ်ဆန်းဇွာလာ (ခ) လော်မာထံကနေ ဖမ်းဆီးရမိတဲ့ စိတ်ကြွရှုးသွပ်ဆေးပြားတွေဟာ ကာလတန်ဖိုး ဆေးပြား ၁ ပြားကို ၂၀၀၀ ကျပ်နှုန်းဖြင့် သိန်း ၆၀၀ ကျပ် ရှိတယ်လို့လည်းသိရပါတယ်။

ကလေးမြို့နယ်ဟာ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံကြားက နယ်စပ်မြို့လည်းဖြစ်သလို အရင်ကတည်းက မူးယစ်ဆေးဝါး အရောင်း

အဝယ် များတဲ့နေရာလည်းဖြစ်ပြီး မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့မှာမူးယစ်ဆေးဝါးအရောင်းအဝယ် အရင်ကထက် အဆပေါင်းများစွာ ပေါများလာတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *