Headlines

မရာနယ်မြေအတွင်း မည်သည့်အဖွဲ့အစည်း၊ လက်နက်ကိုင်ဟူသမျှ နေရာချထားခြင်း၊ ကင်းစောင့်ခြင်း၊ နယ်လှည့်ခြင်းတို့မပြုလုပ်ရန် CDF-Mara ကထုတ်ပြန်

စက်တင်ဘာလ ၁၈ ရက်။

နွေဦးတော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ မရာ နယ်မြေ လုံခြုံအေးချမ်းရေးနဲ့ ပြည်သူများဘေးကင်းလုံခြုံ ရေး၊သက်သာချောင်ချိရေးများရရှိနိုင်ရေးအတွက် ချင်းပြည်အစိုးရမဟုတ်တဲ့ မည်သည့်အဖွဲ့အစည်း၊ လက်နက်ကိုင်ဟူသမျှ နေရာချထားခြင်း၊ ကင်းစောင့်ခြင်း၊ နယ်လှည့်ခြင်းတို့မပြုလုပ်ရန်၊CDF-Mara က စစ်ရေးလုံခြုံရေးအရ နယ်မြေရှင်းလင်းခြင်း၊ ကင်းလှည်ခြင်းပြုလုပ်သွားမှာဖြစ်တာကြောင့် မည်သည့် လင်္ကနက်ကိုင်အဖွဲ့အစည်းမဆို မာရာနယ်ကနေ ထွက်သွားဖို့ CDF-Mara က စက်တင်ဘာလ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်စာကို လိုက်နာခြင်းမရှိပါက CDF-Mara အနေဖြင့်စစ်ရေးအရ လိုအပ်သလိုအရေးယူမှုများဆောင် ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

CDF-Mara တပ်ဖွဲ့နဲ့ ချင်းအမျိုးသားတပ်မတော်(CNA )နဲ့ ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီလက်အောက်ကနေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ လိုင်လင်းပီမြို့ကို မရာလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Mara Defense Force(MDF )က အာရက္ခတပ်တော်(AA)အကူအညီနဲ့လိုင်လင်းပီမြို့ကို MDF က ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *